
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေအတွက် လက်နက်ထုတ်လုပ်ရာမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေကနေ လိုသလောက်ကုန်ကြမ်းတွေရရှိနေပါတယ်။
စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ အသုံးပြုကာ လက်နက်ထုတ်လုပ်နေတဲ့ PDF အဖွဲ့ ၂၀ ထက်မနည်းရှိနေပြီး အဆိုပါလက်နက်များနဲ့ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ရတယ်လို့ PDF တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေကို အသုံးပြု၍ လက်နက်များထုတ်လုပ်နေမှုအပေါ် လူမှုကွန်ရက်အသုံးပြုတစ်ဦးက” ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ။ အားရတယ်။ ဒါမျိုးများများထုတ်နိုင်ဖို့လိုတယ်” လို့ မှတ်ချက်ပြုရေးသားထားပါတယ်။
PDF အဖွဲ့အများစုမှာ အာဏာသိမ်းတော်လှန်တိုက်ခိုက်ရာတွင် လက်နက်အင်အားမမျှတသည့်အတွက် လက်လုပ် လက်နက်များ ထုတ်လုပ်ကာတိုက်ခိုက်နေကြရပြီး ယင်းကဲ့သို့ ထုတ်လုပ်အောင်မြင်နိုင်ရန်အတွက် ငွေအား၊လူအားသာမက အသက်ပါဆုံးရှုံးရသည်အထိ ပေးဆပ်မှုများစွာရှိနေတယ်လို့ PDF အဖွဲ့အချို့ထံမှ သိရပါတယ်။
ဓာတ်ပုံ – ရွှေဘိုခရိုင်အခြေစိုက် တောကြီးမြေပွေးအဖွဲ့က Mytel တာဝါတိုင်များအသုံးပြုထုတ်လုပ်ထားတဲ့ လက်နက်ကြီးများ။