ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

လေကြောင်းတိုက်ခိုက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ် ရပ်တွေကို အပြင်းအထန် ရှုတ်ချဖို့ မလေးရှားနိုင်ငံက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်တယ်လို့ အာဆီယံအဖွဲ့ က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်တစ်ရပ်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေဆိုးရွားလာပြီး နေရပ်စွန့်ခွာသူတွေရဲ့ပြဿနာ ဖြစ်စေတာကြောင့် စစ်ကောင် စီရဲ့လုပ်ရပ်တိုင်းကို ရှုတ်ချဖို့ လိုအပ်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘာရီအဗ္ဗဒူကဒါက ပြောပါ တယ်။

“အာဆီယံအဖွဲ့ကထုတ်ပြန်မယ့် ပူးတွဲကြေညာချက်မှာ ပြင်းထန်တဲ့ စကားလုံးတွေထည့်သွင်းဖို့ ကျွန် တော်တို့ တောင်းဆိုခဲ့ပါတယ်” လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ရှေ့ဆက်လုပ်ဆောင်နိုင်ရေး တွေ့ဆုံဆွေးနွေးဖို့နဲ့ ထိတွေ့ဆက်ဆံဖို့ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ကြိုးပမ်းမှုတွေကို ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေ မကျင်းပရေး အာဆီယံအဖွဲ့ကို ညွှန်ကြားထားဖို့နဲ့ မြန်မာ့ အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုအားလုံးက ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံရမယ်ဆိုတာ အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

ထိုင်းနိုင်ငံက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို အာဆီယံအဖွဲ့ထံ အကြောင်းကြားခဲ့ တယ်လို့ ဇမ်ဘာရီက ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံက ယခုအခါ ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ အာဆီယံအဖွဲ့ထံ ပြဿနာအားလုံး လွှဲ ပြောင်းပေးဖို့ အာဆီယံနိုင်ငံအားလုံးက သဘောတူခဲ့တယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာဟာ အသိအမှတ်ပြုတာမဟုတ်ဘဲ ဘယ်လို အသိအမှတ်ပြုမျိုးမဆို ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံမယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒွင်နိုင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အကျဉ်းချခံထားရတဲ့ မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – Bernama
Ref; Zambry: Malaysia urges Asean to strongly condemn actions of Myanmar junta

#Ayeyarwaddy_Times