ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဇူလိုင်လ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ တောင်ကန်နီပျူစောထီးရွာနှင့် မြိုင်မြို့မရဲစခန်းကို ဇူလိုင်လ ၁၁ ရက်နေ့က Shar Htoo Waw Drone နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF ကထုတ်ပြန်ထားသည်။
မြိုင်မြို့နယ်ရှိ စစ်ကောင်စီ ဒေါက်တိုင်အကြီးစားဖြစ်သည့် ကန်နီပျူရွာကို နေ့လယ်ပိုင်း တွင်တစ်ကြိမ်နှင့် စစ်ကောင်စီတပ်သားများစွာ တပ်စွဲထားသည့်မြိုင် မြို့မရဲစခန်းကို ညနေပိုင်း တွင်တစ်ကြိမ် မောင်းသူမဲ့လေယာဉ်ငယ်များစွာ စေလွှတ်တိုက်ခိုက်ခဲ့ရာ မြိုင်ရဲစခန်းတွင်းမှ တပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“တောင်ကန်နီရွာကို ဒရုန်းနဲ့ဗုံးခြောက်လုံးချခဲ့တယ်။ ကန်နီက ပျူရွာဖြစ်တဲ့ အတွက် ထိခိုက်မှုတွေကို မသိရပါဘူး။ မြိုင်မြို့ပေါ်မှာက စစ်ကောင်စီက တပ်စွဲထားတဲ့ နေရာ အများကြီးရှိတယ်။ မြိုင်ရဲစခန်းကတော့ နဂိုထဲကစစ်တပ်ကနေ တပ်စွဲ ထားတာ ဖြစ်တယ်။ အဲ့ဒီထဲကနေ ကျွန်တော်တို့က ရဲစခန်းကိုတိုက်ခိုက်ခဲ့တာပါ။ တပ်သား တစ်ယောက် သေတယ်လို့ ကျွန်တော်တို့ ပြန်သိရတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၅)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား Salingyi Special Task Force – SSTF Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊မြိုင်(ပကဖ) တပ်ရင်း၂၊TTA(ရွှေဘို) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန်နီပျူရွာကိုတိုက်ခိုက်မှုတွင် လေယာဉ်ငယ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျူရွာအနီး သို့ ကျရောက်ပျက်စီးဆုံးရှုံး ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်ခဲ့သည့် လေယာဉ်ငယ်များမှာ Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ဒရုန်းတစ်မျိုးဖြစ်ပြီး ယခုအခါစစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနေပြီး စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း SSTF Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)ထံက သိရသည်။
ဓာတ်ပုံ – Salingyi Special Task Force
#မြိုင် #ကန်နီပျူရွာ #မြိုင်ရဲစခန်း #ဒရုန်း #တိုက်ခိုက် #SSTF #Ayeyarwaddy_Times