ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

ဧရာ၀တီတိုင်း ၊လပွတ္တာမြို့နယ်၊ပျဥ်ထောင်တွင်းကျေးရွာ ၊ တောင်ကုန်းပိုင်းတွင် ဇူလိူင် ၁၂ ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး အုန်းပင်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်းသိရှိရသည်။

အုန်းပင်ပေါ်မှ ပြုတ်ကျသူအမျိုးသားဟာအသက် ၅၀ ကျော်အရွယ်ရှိပြီး လူမှုကူညီရေးအဖွဲ့များက ဆေးရုံကိုပို့ဆောင်လိုက်ကြောင်း ဒေသခံများမှ ပြောသည်။

“သူ့အိမ်ကအပင်ကိုပဲတက်တာလား၊သူများဌားလို့ပဲတက်ရတာလားတော့မသိ သေးဘူးခန္ဓာကိုယ် အတွင်းပိုင်းတွေထိခိုက်မယ်ထင်တယ် အုန်းပင်အမြင့်ကပြုတ်ကျတာဆိုတော့”လို့ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ် သို့ ပြောသည်။

လက်ရှိတွင် လပွတ္တာမြို့ ၃ မိုင်ဆေးရုံကို အချိန်မှီပို့ဆောင်ခဲ့ပြီး အသက်အန္တရာယ်ရှိမရှိကို ကုသနေဆဲဖြစ်​သောကြောင့်သိရှိရခြင်းမရှိကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

မိုးတွင်းကာလဖြစ်တာကြောင့် မိသားစုစားဝတ်နေရေး ရုန်းကန်ရသူများအနေဖြင့် မဖြစ်မနေ မိုးတွင်းကာလအုန်းပင်တက်ရသည့်အခါ သတိကြီးစွာထားတက်ဖို့အတွက်လည်း ဒေသခံ ပရဟိတအသင်းအဖွဲ့များမှ တိုက်တွန်းထားသည်။

#လပွတ္တာမြို့ #အမျိုးသားတစ်ဦး #အုန်းပင်ပေါ်မှပြုတ်ကျ #Ayeyarwaddy_Times