ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

နိုင်ငံရေးအဖြေရှာဖို့နဲ့ တာရှည်ခံသော ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖို့ မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးကို အားပေးဖို့ အချိန်ကျပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အရေးဖြေရှင်းရာမှာ အဓိကကျကြောင်း ဇူလိုင်လ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာပြု လုပ်တဲ့ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ရတ်နိုမာဆူဒီက ပြောပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးဟာ အာဆီယံအဖွဲ့ရဲ့ အဓိကအချက်ဖြစ်ပြီး အခြားမည်သည့် ကြိုးပမ်းမှုမျိုးကမဆို တူညီဆန္ဒဖော်ဆောင်ရေးကို ထောက်ခံအားပေးရမယ်လို့ သူက ဆိုပါတယ်။

၂၀၂၃ ခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၇ လအတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု အကြိမ်ရေ ၁၁၀ အထိ ပြုလုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ဖို့နဲ့ တွေ့ဆုံဆွေးနွေးမှု ချောမွေ့စေဖို့ အရေးကြီးတာကြောင့် မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြဖို့ သူက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါ တယ်။

အာဆီယံ အကူအညီပေးရေးစင်တာအနေနဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှ ပြည်သူတွေအပါအ ဝင် အကူအညီ လိုအပ်သူတွေိကို ထောက်ပံ့ခွင့်ရမယ်လို့ မျှော်လင့်ကြောင့် ရတ်နိုမာဆူဒီက ဆိုပါတယ်။

ကိုးကား – Vietnam Plus
Ref; AMM-56: IndonMMnesencourages dialogue to seek solution to Myanmar issue

#Ayeyarwaddy_Times