ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိူင်လ ၁၁ ရက်နေ့က တစ်သောင်းတန်၊ ငါးထောင်တန် ငွေစက္ကူအတုများအား ငွေအစစ်နှင့် လဲယူပြီး ရောင်းချနေသူအမျိုးသားနှစ်ဦး ကိုဖမ်းဆီးရမိထားကြောင်းမြို့နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းကသိရှိရသည်။
ရေပေါ်ဈေးအနီးမှာရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထိုသူနှစ်ဦးထံမှ တစ်သောင်းတန်ငွေစက္ကူအတု ၉၄၇ ရွက် ၊ငါးထောင်တန်အတု ၁၀၇ ရွက် သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“သတင်းအရဖမ်းမိတာ ငွေအတုတွေ လုပ်ပြီး အစစ်နဲ့ လိုက်လဲနေကြတာ။ ပုသိမ်မြို့ကပဲ ခုထိတော့ဖမ်းပြီး စစ်ဆေးနေတုန်းပဲ “ဟုရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
ဖမ်းမိသူ ၂ ဦးမှာ တစ်သောင်းတန်ငွေစက္ကူအတု ၁၀ သိန်းကို ငွေအစစ် တစ်သိန်းဖြင့်လိုက်လံ ရောင်းချ လဲလှယ်နေတာဖြစ်ပြီး ပုသိမ်မြို့နှင့် ပါတ်သတ်တဲ့ facebook Group များတွင် ငွေအတု၀ယ်ရကြောင်းကြေညာပြီးအရောင်းအ၀ယ်လုပ်နေကြသူများဖြစ်သည်ဟုဆိုသည်။
ပုသိမ်မြို့ပေါ်တွင် ငွေအတုများကို အကြိမ်ရေ မည်မျှရောင်းချထားမှန်းမသိရပဲငွေစက္ကူအတု ၁ သောင်းကျပ်တန်သည် မြန်ငွေစက္ကူအစစ် ၁ သောင်းကျပ် တန်နှင့်ခွဲမရအောင် အမြင်အားဖြင့် တူညီမှုရှိကြောင်း သိရသည်။
လူစည်ကားသည့် ရပ်ကွက်ဈေးများနှင့် လမ်းဘေးဈေးဆိုင်များတွင အမြဲတွေ့ရသဖြင့် များစွာပျံနှံလာမှာမြို့ခံတွေကစိုးရိမ်နေ ကြသည်။
“တစ်သောင်းတန်အတုက အုပ်လိုက်ထဲမှာ အမြဲတစ်ရွက်နှစ်ရွက် ပါလာတတ်တယ်။ သတိတော့ထားနေရတယ်။ ပိုက်ဆံအစစ်ရဲ့ရွှေကြိုးက မတူညီတဲ့ထောင့်ကကြည့်ရင် အနီအပြာပြောင်းတယ်အတုကမပြောင်းဘူး အဲ့လိုစစ်ယူနေရတာပဲ”လို့ ပုသိမ်မြို့မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာသဖြင့် လောင်းကစား၊ လုယက်မှု၊ မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းတွေကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း ပုသိမ်မြို့ခံတွေကသုံးသပ်ပြောဆိုသည်။
#ပုသိမ်မြို့ #ငွေစက္ကူအတုများပျံနှံ #တစ်သောင်းတန် #Ayeyarwaddy_Times