ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ထိုင်းနိုင်ငံရဲ့ မြန်မာစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုသုံးကြိမ်ပြုလုပ်ဖို့ အစီအစဉ်ဟာ မြန်မာ့အရေး ဖြေ ရှင်းတဲ့ အစားထိုးအဖြေတစ်ခုလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းက မနေ့က ဂျကာတာမြို့တော်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်က ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးဆိုင်ရာ အာဆီယံခေါင်း ဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို မချိုးဖောက်ဖူးလို့ သူက ဆိုပါတယ်။
အဖြေရှာတဲ့နည်းလမ်းတွေ ရှာဖွေတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပိုဒ် ၁၄ ကို အပြည့်အဝ လိုက်နာပြီး မြန်မာ့အရေး အလွတ်သဘောဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လအတွင်းပြုလုပ်တဲ့ အစည်းအဝေးမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ် ကောင်စီ ကိုယ်စားလှယ်တွေကို ဖိတ်ကြားတဲ့ ထိုင်းနိုင်ငံရဲ့အစီအစဉ်ကို အာဆီယံဥက္ကဌ အင်ဒိုနီးရှား အပါအဝင် နိုင်ငံအများအပြားက ဝေဖန်ခဲ့ပါတယ်။
မြန်မာ့အရေးမှာပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုသာပါဝင်တာကြောင့် ထိုင်းနိုင်ငံက ကမကထပြုလုပ်တဲ့ အဆို ပါ အလွတ်သဘောဆွေးနွေးပွဲမှာ ဘုံသဘောတူညီချက် ၅ ရပ်ပါ လုပ်ပိုင်ခွင့်အာဏာ ချိုးဖောက်မှုတစ်ခုလို့ အင်ဒို နီးရှားနိုင်ငံက ပြောပါတယ်။
ထိုင်းနိုင်ငံက ကမကထပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွေဟာ အာဆီယံမူဘောင် အတွင်း ပြုလုပ်ခဲ့တာမဟုတ်ဖူးလို့ ဒွန်ပရာမြူဒီနိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပရေးဟာ မြန်မာ့အရေး ဖြေရှင်းနိုင် မယ့် တစ်ခုတည်းသောနည်းလမ်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Antara News
Ref; ASEAN: Thailand defends its approach to resolving Myanmar crisis