နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇူလိုင်လ ၁၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်းက ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိခဲ့ကြောင်း သိရဿည်။
အမှတ် (၁၁) ရပ်ကွက်တွင်နေထိုင်သည့် ချစ်ပိုင်ဦး(ခ) ကျော်ကြီးကို ခတ္ထိယစစ်ဆေးရေးဂိတ်တွင် မော်တော် ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိတ်ကြွရူးသွပ်ဆေးပြာ ၂၀၀၀၀ နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
” သူနဲ့အတူ ကားပေါ်မှာ ဆေးပြား ၂ သောင်းကိုအရင်မိတာ၊ ပြီးတော့ သူ့အိမ်ကိုလိုက်စစ်ဆေးတော့မှာနောက်ထပ် ၂ သောင်းကို ထပ်မိတာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသူများထံမှ ငွေယူကာ ရောင်းချခွင့်ပြုထားမှုများကြောင့် ခုလိုမျိုး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေများပြားလာခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ချစ်ပိုင်ဦး(ခ) ကျော်ကြီးကို မအူပင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။
မအူပင်မြို့တွင် မတ်လနောက်ဆုံးပတ်အတွင်း မအူပင်အကျဉ်းထောင်၌ ထောင်ဝန်ထမ်းမှ အကျဉ်းထောင်အတွင်းသို့ မူယစ်ဆေးဝါးသယ်ယူရောင်းချမှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။
#မအူပင်မြို့ #မူးယစ်ဆေးဝါးဖမ်းမိ #သိန်းလေးရာ #ချစ်ပိုင်ဦး(ခ)ကျော်ကြီး #Ayeyarwaddy_Times