နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တော်လှန်ရေးအင်အားစုများ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“၈ ရက်နေ့ ညကတည်းကနေ ၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်နေတာ။ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် တာတွေတော့ရှိတယ်” တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်း မ် ကိုပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲကို Cobra. Column တပ်ခွဲ (၄) နှင့် KNU / KNLA တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် ထိခိုက်မှု မရှိကြောင်း သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-ကော်ဘရာစစ်ကြောင်းနှင့် KNLA
#ကရင်ပြည်နယ် #မြဝတီမြို့နယ် #မဲကနယ် #စစ်ကောင်စီတပ်နှင့် #ထိတွေ့တိုက်ပွဲ #စစ်ကောင်စီတပ်သား၂ဦးသေ #Ayeyarwaddy_Times