ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းက ဟိုတယ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဆိပ်မူရပ်ကွက်တွင် ရှင်းရင်အမည်ဖြင့် ဟိုတယ်နှင့် KTV တွဲဖွင့်ထားသည့် ပိုင်ရှင် သူဌေးအမျိုးသမီးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ညပိုင်းဝင်ရောက်ဖမ်းဆီးပြီး မနက်ပိုင်းတွင် သေဆုံးလျက်ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
” ညထဲက ဝင်ဖမ်းသွးတာလို့ကြားတယ်၊ ဘယ်အဖွဲ့ကလည်းဆိုတာတော့ သေချာမသိသေးဘူး။ သူက တောဘက်နဲ့ရော မြို့ဘက််နဲ့ပါ အဆက်သွယ်ရှိတဲ့သူဆိုတော့ ပြောရခက်တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဟိုတယ်ပိုင်ရှင် သူဌေးအမျိုးသမီးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ည ၉ နာရီကျော်ခန့်တွင် ဝင်ရောက်ဖမ်းဆီးသွားပြီး မနက်ပိုင်းတွင် ဆိုင်းတောင်ရွာဟောင်းလမ်းဆုံကျော်တွင် သေဆုံးနေသည်ကို ပြန်တွေ့ရှိကြောင်း ဒေသတွင်းသတင်းဌာနများ ဖော်ပြချက်အရ သိရသည်။
အဆိုပါအမျိုးသမီးသေဆုံးမှုဟာ ပြီးခဲ့တဲ့ မေလပိုင်းထဲတွင် PDF နှင့် KIA တပ်ဖွဲ့ဝင်များ ဟိုတယ်တွင်လာရောက်နေချိန် စစ်ကောင်စီ တပ်ရဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်နိုငကြောင်း ဒေသခံများမှ ခန့်မှန်ပြောဆိုမှုများလည်းရှိနေသည်။
အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသမီးပိုင်သည့် ဟိုတယ်တွင် ၂၀၂၃ ခုနှစ်၊ မေလပိုင်းက PDF နှင့် KIA တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများရဲ့ ပြောဆိုမှုအရ သိရသည်။
#ဖားကန့်မြို့ #ရှင်းရင်ဟိုတယ် #ပိုင်ရှင်အမျိုးသမီး #သေနတ်ဖြင့်ပစ်သတ်ခံရ #Ayeyarwaddy_Times