ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဘေးက ပိုဆိုးလာတာကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပြည်ပမှ စစ်လက်နက်တွေနဲ့ ငွေကြေးမရရှိအောင် လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂက နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက် တွန်းလိုက်ပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာ ဏာသိမ်းမှုအတွင်း ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်လာခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေပါ တယ်။

အရပ်သားနဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် တိုက်ခိုက်မှု၊ အကြောင်းမဲ့ ဖမ်းဆီးမှု၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုနဲ့ နှိပ်စက်မှုတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ရှုတ်ချခဲ့ပါတယ်။

“မြန်မာစစ်တပ်ထံ စစ်လက်နက်တွေထောက်ပံ့တာ ပိတ်ပင်တားဆီးဖို့နဲ့ နောက်ကွက်က စီးပွားရေး အ ကျိုးစီးပွားတွေကို လေ့လာဆန်းစစ်ဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အ ကြီးအကဲ ဗော်လ်ကာတာ့ခ်က ပြောပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံခြားငွေ၊ လေယာဉ်ဆီနဲ့ ပြည်သူတွေအကို တိုက်ခိုက်ရာမှာ အထောက် အပံ့ပေးတဲ့ အခြားနည်းလမ်းတွေကို ကန့်သတ်မယ့် ပစ်မှတ်ထားအစီအမံတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီထံတင်ပြတဲ့ အစီရင်ခံစာတစ်ခုမှာ ဗော်လ်ကာတာ့ခ်က တောင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားမှရရှိတဲ့ ငွေကြေးကြောင့် စစ်ကောင်စီဟာ စစ်လက်နက်တွေ ဝယ်ယူကာ လက်နက်စက်ရုံတွေ ကို ထောက်ပံ့ပြီး တိုက်လေယာဉ်တွေကို ဆီဖြည့်နိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်ပြ သူ သောမတ်အန်ဒရူးက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်ကောင်စီထိန်းချုပ် အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူရာမှာ အမေရိကန် နိုင်ငံနဲ့ ပူးပေါင်းသင့်ကြောင်း သူက ပြောကြားခဲ့ပြီး ဒဏ်ခတ်အရေးယူပြီးတဲ့ အစိုးရတွေကြား ညှိနှိုင်းဆောင်ရွက်မှု တွေ ပိုမိုပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူ ၁၅ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး မြန်မာစစ်တပ်ဟာ ဆိုင် ကလုန်းမိုခါဘေးသင့် ပြည်သူတွေထံ အကူအညီတွေ မရောက်ရှိအောင် ပိတ်ပင်နေတယ်လို့ သူက ဆိုပါတယ်။

လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်မပြုတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာ နာမှုဥပဒေ ချိုးဖောက်ရာကျတယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပြီးဖြစ်ပါတယ်။

ကိုးကား – UCA News
Ref; UN urges end to arms supplies to Myanmar junta

#Ayeyarwaddy_Times