ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်

လာမယ့်သီတင်းပတ်အတွင်း အစည်းအဝေးတွေတက်ရောက်ဖို့ အာဆီယံဒေသသို့ လာရောက်မယ့် အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ အရေးယူ မှုတွေပြုလုပ်ဖို့နဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေ ကို ဆန့်ကျင်ကြဖို့ အာဆီယံနိုင်ငံတွေ ကို တိုက်တွန်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လစ်သူယေးနီးယားနဲ့ ဗြိတိန်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့အတူ နေတိုးအဖွဲ့ အ စည်းအဝေးတွေ တက်ရောက်ခဲ့တဲ့ အန်တိုနီဘလင်ကန်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ကစဉ့်ကလျားအခြေအနေ ဖြစ်နေတဲ့ မြန်မာ့အရေးဟာ ဂျကာတာ မြို့တော်မှာ ဆွေးနွေးမယ့် အဓိကကိစ္စတွေထဲကတစ်ခု ဖြစ်လာမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အ ရှေ့အာရှဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ ဒန်နီယယ်ကရီတင်ဘရင့်က ပြောပါတယ်။

အာဆီယံအဖွဲ့က မြန်မာဗိုလ်ချုပ်ကြီးတွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထား ပေမယ့် ထိုင်းနိုင်ငံက စစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အဆိုပြုခဲ့ပါတယ်။

“အာဆီယံနိုင်ငံတွေက ဒေသတွင်းအစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို အဆင့်နှိမ့်ထားဖို့ နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းရေး စစ်ကောင်စီအပေါ် ဖိ အားတိုးပေးနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကရီတင်ဘရင့်က ပြောပါတယ်။

အာဏာသိမ်းမှုဆန့်ကျင်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းရာမှာ အသုံးပြုတဲ့ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်နဲ့ ပစ္စည်းကိရိယာတွေ တင်သွင်းနိုင်စွမ်း လျှော့ချဖို့ရည်ရည်ရွယ်ကာ စစ်ကောင်စီက ပြည်ပငွေကြေးအဖြစ် ပြောင်း လဲဖို့ အသုံးပြုတဲ့ ဘဏ်နှစ်ခုကို ဒဏ်ခတ်အရေးယူမှုပြုလုပ်ကြေင်း ပြီးခဲ့တဲ့လအတွင်း အမေရိကန်နိုင်ငံက ကြေ ညာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုတွေမှာ တစ်သံတည်းဖြစ်ရေး ညှိနှိုင်းဆောင် ရွက်ကာ အာဆီယံနိုင်ငံတွေဟာ ပင်လယ်ရေကြောင်း အငြင်းပွားမှုတွေ ဖြေရှင်းရာမှာ တိုးတက်မှုရရှိအောင် လုပ် ဆောင်သင့်တယ်လို့ သူက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Blinken to press ASEAN to take tougher action against Myanmar, China

#Ayeyarwaddy_Times