ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ဒီမိုကရေစီ ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းမှုနောက် ပိုင်း မြန်မာနိုင်ငံမှာ အကူအညီပေးရေးလုပ်သား ၄၀ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဗော်လ်ကာတပ်ခ်က ဇူလိုင်လ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒေသခံ အဖွဲ့အစည်းတွေအတွက် လုပ်ကိုင်တဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် တိုက်ရိုက် တိုက် ခိုက်တာတွေကို လူ့အခွင့်အရေးကောင်စီထံတင်ပြတဲ့ အစီရင်ခံစာမှာ ဗော်လ်ကာတပ်ခ်က ရှုတ်ချလိုက်ပါတယ်။
လူသားချင်းစာနာမှု အကူအညီပေးတာကို အနှောက်အယှက်ပြုတာ သို့မဟုတ် ငြင်းဆန်တာဟာ အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဉပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက သတိ ပေးခဲ့ပြီးဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ထောင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ကာ စားနပ်ရိက္ခာ၊ စစ်ရှောင်စ ခန်းနဲ့ ဆေးကုသရေးစင်တာတွေ အပါအဝင် အသက်ရှင်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ခန့်မှန်းချေအားဖြင့် ပြည်သူ ၁ ဒသမ ၅ သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြည်သူပိုင်နေအိမ်နဲ့ အဆောက်အ အုံ ၆၀၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာ့လူဉီးရေနဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့လက်ထဲ အရပ်သား ၃၇၄၇ ဉီး သေဆုံးခဲ့ပြီး ၂၃၇၄၇ ဉီး ထိန်းသိမ်းခံခဲ့ရတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြပါတယ်” လို့ သူက ထောက်ပြပါတယ်။
စစ်လက်နက်နဲ့ အခြားကိရိယာတွေ ဝယ်ယူရာမှာ စစ်ကောင်စီနဲ့ ပြည်ပနိုင်ငံတွေကြား ငွေကြေး အလွှဲအ ပြောင်းပြုလုပ်ပေးတဲ့ ဘဏ်နှစ်ခုနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်နိုင်ငံက ဇွန်လအတွင်း ကြေညာခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; Up to 40 aid workers killed in Myanmar since 2021 coup: UN