ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင်လ ၇ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ တပ်ရင်း(၃)တူမီးတပ်ရင်း၏ အခြေခံ စစ်ပညာမွမ်းမံသင်တန်းအပတ်စဥ်-(၁) သင်တန်းဆင်းပွဲနှင့် တပ်ရင်းစခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၀ နာရီက ကန်ပက်လက်မြို့နယ်တွင်း တစ်နေရာတွင်ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
“ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်) အနေနဲ့ တပ်ရင်းအလိုက် မွမ်းမံသင်တန်းတွေပြုလုပ်ပြီးနောက် လက်နက်တွေ တပ်ဆင်ပေးသွားမယ်” ဟု တပ်ရင်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၏ တပ်ဖွဲ့ဝင်များအနေဖြင့် အရည်အချင်းရှိသော ရဲဘော်ကောင်းများဖြစ်လာစေရန်အတွက် မွမ်းမံသင်တန်းများကို ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-တူမီးတပ်ရင်းတွင် ကျင်းပသော မွမ်းမံသင်တန်းဆင်းပွဲ
#ချင်းကာကွယ်ရေး #ကန်ပက်လက် #အခြေခံစစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကျင်းပ #Ayeyarwaddy_Times