ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဇူလိုင်လ လဆန်းပိုင်းမှစတင်ပြီး လုံခြုံရေးအင်အားတိုးမြှင့်ချထားတာတွေပြုလုပ်လာကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ဟင်္သာတမြို့နယ်အတွင်းရှိ တိုက်နယ်နှင့် ‌ကျေးရွာများမှ လုံခြုံရေးရဲကင်းစခန်းများအား ဝင်တိုက်ခိုက်မည့်သတင်းကြောင့် လုံခြုံရေးအင်အား အရေးပေါ်တိုးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှပြောသည်။

” အဓိကတော့ တိုင်းအစည်းဝေးပြီးမှ စီမံချက်နဲ့ အင်အားတိုးမြှင့်လိုက်တဲ့သဘောပါ။ တိုင်းအစည်းဝေးမှာဘာတွေပြောခဲ့လည်းဆိုတာတော့ မသိဘူး။ အဲ့တာတွေက ခရိုင်မှူးနဲ့ မြို့နယ်မှူးအဆင့်တွေပဲ သိရတာ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

တိုက်နယ်နှင့် ကျေးရွာများရှိ ရဲကင်းစခန်းများတွင် ယခင်က ရဲတပ်ဖွဲ့ဝင် အင်အား ၆ ဦးမှ ၉ ဦးအတွင်းသာ ရှိရာကနေ ယခုအခါ ၁၀ ဦးမှ ၁၅ ဦးကြား တိုးမြှင့်ပေးထားပြီဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ခုလိုမျိုး ရဲကင်းစခန်းများတိုက်ခိုက်ခံရမည့် သတင်းကြောင့် ဟင်္သာတမြို့နယ်တစ်ခုထဲ လုံခြုံရေးအင်အားတိုးမြှင့်ထားတာမျိုးမဟုတ်ဘဲ တခြားမြို့နယ်တွေမှာပါ အင်အားတိုးမြှင့်ထားနိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းများမှ သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည် အသုံးပြုထားသည်။

#ဟင်္သာမြို့ #ရဲကင်းစခန်း #တိုက်ခိုက်ခံရမည့်သတင်း #လုံခြုံရေးအင်အားတိုးမြှင့် #Ayeyarwaddy_Times