ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

အဆင်အခြင်မဲ့ စစ်ကောင်စီ အာဏာပိုင်တွေကြောင့် မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနွံထဲ အထိန်းအကွပ် မရှိ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောကြားလိုက်ပါ တယ်။

မြန်မာပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိသေးတယ်လို့ စိတ်ကူးဖို့တောင် မဖြစ်နိုင်တော့ဘူး လို့ ဂျီနီဗာမြို့တော်မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၃ ကြိမ်မြောက် ဆွေးနွေးပွဲမှာ သူက ပြော ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျဆင်းလာတဲ့စီးပွား ရေး၊ ဆိုးရွားလာတဲ့ ဆင်းရဲမွဲတေမှုနဲ့ သဘာဝအရင်းအမြစ်တွေ ထုတ်လုပ်မှု၊ အကြောင်းမဲ့ ဖမ်းဆီးမှုတွေ၊ နှိပ် စက်မှုတွေကိုလည်း ဗော်လ်ကာတပ်ခ်က ထောက်ပြခဲ့ပါတယ်။

“မြန်မာစစ်တပ်က အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ စနစ်တကျ ပေးအပ်ခွင့် မပြုတာကို ကျွန်တော် ဒီနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံတင်ပြတဲ့ အစီရင်ခံစာက ဖော်ပြထားပါ တယ်။ အကူအညီလိုအပ်သူတွေ အထောက်အပံ့မရရှိအောင် စစ်ကောင်စီက နည်းပေါင်းစုံနဲ့ ပိတ်ဆို့ဟန့်တားနေ ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ ၁၅ ဒသမ ၂ သန်းဟာ စားနပ်ရိက္ခာနဲ့ အာဟာရအကူအညီ လိုအပ်နေတယ်လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

“မြန်မာပြည်သူတွေ လွတ်လပ်စွာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေနိုင်ဖို့ လို အပ်တဲ့အခြေအနေတွေ လုပ်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ” လို့ သူက ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်အတွင်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အတိုက်အခံတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်ဆောင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားကာ စီးပွားရေး အကျပ်အ တည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Myanmar continues ‘deadly freefall’ into deeper violence: UN rights chief

#Ayeyarwaddy_Times