ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စုမှာ ဇွန်လကုန်ပတ်က လောင်းကစားဝိုင်းတစ်ခုကို လောင်းကစားလုပ်သူ ၃၇ ဦးနှင့်အတူ ဖဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းမိခဲ့တဲ့ တရားခံ ၃၇ ဦးကို စစ်ကောင်စီတပ်က တစ်ဦးငွေ ၃ သိန်းတောင်းယူပြီး ခံ၀န်နှင့်ပြန်လွှတ်ပေးလိုက်ကြောင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှပြောသည်။
“သစ်ရောင်းအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးဆောင်တဲ့ကြက်ဝိုင်း၊ ဂျင်ဝိုင်းပေါ့။ ဖမ်းခံရတဲ့ထဲမှာ ရွာအုပ်ချုပ်ရေးကစာရေးပါပါတယ်၊ တိုင်လို့ဖမ်းရတဲ့သဘော ပိုက်ဆံယူပြီးပြန်လွှတ်လိုက်တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကမှ ကဧရာ၀တီတိုင်မ်းသို့ပြောသည်။
ငရုတ်ကောင်းနယ်မြေရဲစခန်းမှ ဖမ်းဆီးထားသူအားလုံးကို ခံ၀န်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လအစပိုင်းတွင် တစ်ဦးကို သုံးသိန်းကျပ်စခန်းသို့လာရောက်ပြီး ပေးခိုင်းခြင်းဖြစ်ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင်စစ်ကောင်စီထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များကဦးဆောင်ကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြပြီး၊သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှုးများနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးများကတရားဝင်ခွင့်ပြုပေးထားကာလိုင်းကြေးရယူနေတယ်လို့သိရသည်။
#ငရုတ်ကောင်းမြို့ #လောင်းကစားဝိုင်းဖမ်း #စစ်ကောင်စီတပ် #ငွေတောင်းပြန်လွှတ် #Ayeyarwaddy_Times