ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

၂၀၂၀ ပြည့်နှစ်အတွင်း ယူကရိန်း ခရီးသည်တင်လေယာဉ်တစ်စင်းကို ပစ်ချခဲ့တဲ့ အီရန်နိုင်ငံကို တာဝန်ခံ စေဖို့ ကနေဒါ၊ ဆွီဒင်၊ ယူကရိန်းနဲ့ ဗြိတိန်နိုင်ငံတို့က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ကို အကူအညီတောင်း လိုက်တယ်လို့ သိရပါတယ်။

လေယာဉ်ကို ပစ်ချတာကြောင့် သေဆုံးသူတွေထဲမှာ နိုင်ငံသားတွေပါဝင်တဲ့ အဆိုပါလေးနိုင်ငံဟာ ဇူ လိုင်လ ၄ ရက်က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း အီရန်နိုင်ငံ တီဟီရန်မြို့တော်အနီးမှာ ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၇၆ ဉီးစလုံး သေဆုံးခဲ့ပါ တယ်။

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီ ပစ်ချခဲ့မိတယ်လို့ အီရန်နိုင်ငံက နောက်ပိုင်းမှာ ဝန်ခံခဲ့ ပါတယ်။

ထိုအချိန်က အီရန်နဲ့အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတာကြောင့် အီရန်စစ်တပ်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို ရန်သူ့ပစ်မှတ်တစ်ခုဟု ထင်မှတ်ကာ ပစ်ချခဲ့တာလို့ အီရန်က ပြောပါ တယ်။

အီရန်နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေနဲ့အညီ ဘက်မလိုက်သော ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေး မှုတစ်ခုနဲ့ တရားစွဲဆိုမှုပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အမှုဖွင့်လျှောက်လွှာမှာ အဆိုပါလေးနိုင်ငံက ပြောပါတယ်။

အီရန်နိုင်ငံက အထောက်အထားတွေကို ဖျက်ဆီးကာ တရားမျှတမှုရရှိဖို့ ကြိုးပမ်းနေတဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်ကို ခြိမ်းခြောက်ကာ အတုအယောင် တရားစွဲဆိုမှု ပြုလုပ်ခဲ့တယ်လို့ ယင်းလေးနိုင်ငံက ဆိုပါတယ်။

အီရန်နိုင်ငံက သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံရမယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီ က တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရထိုက်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှုရရှိဖို့ လေးနိုင်ငံ က ဆက်လက်တိုက်ပွဲဝင်မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; 4 nations take Iran to ICJ over downing of Ukraine plane

#Ayeyarwaddy_Times