ဧရာ၀တီတိုင်းမ်
ဇွန်လ ၃၀ ရက်

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ (PDF)များကို စစ်ကောင်စီမှ ပြောက်ကျားနည်း သုံး၍ တိုက်ခိုက်လာနေခြင်းဖြစ်ပြီး မိမိတို့ဘက်မှ အားနည်းချက်များကို ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ကိုင်းတိုင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုနွေဦးက အကြံပြုသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် စစ်ကိုင်းအတွင်းရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်များ၏ စခန်းများကို ၀င်ရောက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များတွင် တော် လှန်ရေး တပ်ဖွဲ့၀င်များဘက်မှ ခုခံနိုင်သည့်အခြေအနေပင် မရရှိဘဲ စခန်းရှိလူကုန် သတ်ဖြတ်ခံနေရမှုများရှိ‌ကြောင်း သိရသည်။

“ခုဆို စစ်ကောင်စီဘက်က ပြောက်ကျားနည်းဗျူဟာ ကိုပြန်သုံးလာတာ သတိထား မိတယ်။ အင်အားအလုံး အရင်းနဲ့ ၀င်တာမျိုးမဟုတ်တော့ဘဲ လူဖြန့်ခွဲပြီး သတင်း အတိအကျနဲ့ အချက်အလက် သေချာတော့မှ လာတာတွေ့ရတယ်။ ဒါကိုကြည့်ပြီး ကိုယ့်ရဲ့အားနည်းချက်က ဘာလဲ၊ အားနည်းချက်ကို ပြင်ဆင်ပြီး တိုက်ရမယ်။ ကင်းလှည့် တာအားနည်းတာလား၊ ကင်းစောင့်ချိန်မှာ အားနည်း တာလားဆိုတာ ဆန်းစစ်ရမယ်။ ကိုယ့်ပတ်၀န်းကိုလည်းမပေါ့လျော့ဖို့၊ ကိုယ့်အထဲက သတင်းအချက်အလက် ပေါက်ကြား တာမျိုးရှိမရှိ ကြည့်ရမယ်။ ရှိတယ်ပြောတာ မဟုတ်ဘူး။ သတိထားဖို့ဆိုလိုချင်တာပါ”ဟု စစ်ကိုင်း တိုင်း မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့ခေါင်းဆောင် ကိုနွေဦး(မြောင်)က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကင်းတော် ကျေးရွာအနီးရှိ ငါန်းဇွန် (ပကဖ) အဖွဲ့စခန်းကို စစ် ကောင်စီတပ်မှ နံနက်အစောပိုင်းချိန်တွင် ၀င်ရောက်စီးနင်းရာ စခန်းရှိ ရဲဘော်များ၊ အမျိုးသမီးများနှင့်အတူ ကလေးများအပါအ၀င် စုစုပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး စနိုက်ပါသေနတ် ၁ လက်၊ ၄၀ မမ ဆုံ လည် လောင်ချာ ၁ လက်၊ ၄၀ မမ ရိုးရိုး လောင်ချာ ၁ လက် ၊ မောင်းပြန် ရိုင်ဖယ်သေနတ် ၁၂ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနှင့် ခဲယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။

“ကင်းသမားပေါ့လျော့တာလို့ပြောရမှာပေါ့။ တပ်ဖွဲ့အနေနဲ့ ကင်းကို သေသေချာချာ လုပ်သင့်တယ်လို့ပြောချင်ပါတယ်။ ခုလိုတိုက်ခိုက်ခံရတိုင်း ကင်းဖြုတ် ချိန်တွေမှာဖြစ် တာများတယ်။ တစ်ညလုံးစောင့်တယ် မလာလောက်တော့ဘူးထင်ပြီး ကင်းသမား လည်း အိပ်ပျော်နေချိန် တိတ်တဆိတ်၀င်လာပြီး စီးခံရတာပေါ့” ဟု စစ်ကိုင်းရှိ တော်လှန်ရေး အင်အားစုမှ ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း စစ်ကိုင်းနှင့် ၀က်လက်မြို့နယ်အစပ်၊ စစ်ကိုင်းနယ်မြောက်ပိုင်း တလိုင်းရွာအနီး စစ်ကိုင်း- ရွှေ ဘိုလမ်းပေါ်တွင် စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃)မှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးနှင့် တပ်စိပ်မှူးအပါအ၀င် ရဲ ဘော် ၁၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး လက်နက်များလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“ကြားတာတော့ သူတို့အဖွဲ့က စက်လှေနဲ့တစ်ဖက်ကမ်းကို ကူးနေတုန်းမှာ ကမ်းက နေဆီးပြီး အပစ်ခံရတာ ကြားတယ်။ သတင်းပေါက်ကြားလို့ ကြိုစောင့်နေတာ လားဆိုတာ စဉ်းစားစရာပေါ့။ သတင်းပေးတွေကိုလည်း သတိထားရမယ်။ အခုဟာက အပြန်အလှန်ပစ်ခတ်ရင်တောင် ခုလောက်မကျဘူး။ ကိုယ်တွေဘက်ကခံလိုက်ရရင် အခုလို အဖွဲ့လိုက်ကြီးပဲ သတိထားပြင် ဆင်ခြင်ရမှာတွေပေါ့ဗျာ”ဟု ကိုနွေဦးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ စစ်ကိုင်း ခရိုင်တပ်ရင်း(၄)မှ စခန်းမှူး ဗိုလ်စာကလေး(ခ)ကိုသက်ခိုင်ကို စစ်ကောင်စီမှ နေအိမ် ရှေ့၌ပင် ဖမ်းဆီးရမိခဲ့ပြီး ခေါ်ဆောင်သွားရာ လမ်း၌ ပင်သတ်ဖြတ်ထားခဲ့ပြီး ဖမ်းဆီးခံ ရသူ၏ သားဖြစ်သူ တော်လှန်ရေးရဲဘော်မှ လိုက်လံကယ်ဆယ်ရာတွင် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အခြား‌ရဲဘော်နှစ်ဦးနှင့်အတူ ထပ်မံ သေဆုံးခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင် စီတပ်ဘက်မှ စခန်းစီးနင်း ၀င်ရောက်ဖမ်းဆီးသတ် ဖြတ်မှုကြောင့် တော်လှန်ရေးရဲဘော် ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း CDSOM အဖွဲ့ခေါင်း ဆောင်ကိုနွေဦး (မြောင်)ထံက သိရသည်။

ပုံစာ-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ငါန်းဇွန် (ပကဖ)စခန်းကို စစ်ကောင်စီမှ ၀င်ရောက်စီးနင်း
#စစ်ကိုင်းPDF #စစ်‌ကောင်စီတပ် #ပြောက်ကျားနည်းသုံး #စီးနင်းသတ်ဖြတ်ခံရ #CDSOM #Ayeyarwaddy_Times