ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဝန်ကြီးချုပ်သစ်ရွေးကောက်ပွဲမှာ Move Forward Party (MFP) ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်လောင်း ပီတလင်ဂျာရိုရတ်အနေနဲ့ အထက်လွှတ်တော်ရဲ့ ဆန္ဒမဲ ၅ မဲတောင် ရနိုင်ဖွယ်မရှိဘူးလို့ အထက်လွှတ်တော်အ မတ်တစ်ဉီးက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ်သစ် ရွေးချယ်တဲ့ဆန္ဒမဲပေးပွဲမှာ ပီတအနေနဲ့ အထက်အမတ် ၂၅၀ ရဲ့ ဆန္ဒမဲ ၅ မဲပင် ရရှိဖို့ ခက်ခဲမယ်လို့ အထက်လွှတ်တော် နိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထုပါဝင်ရေး ကော်မတီဒုတိယဥက္ကဌ ကစ်တီဆက်က ပြောကြားပါတယ်။

အာဏာသိမ်းစစ်တပ်မှ ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်အများစုက ရွေးကောက်ပွဲအနိုင်ရ MFP ခေါင်းဆောင် ပီတကို ကန့်ကွက်မဲပေး သို့မဟုတ် ကြားနေမဲပေးဖို့ ဆုံးဖြတ်ထားပုံပေါ်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းအထက်လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်ရွေးချယ်ဖို့ မဲဆန္ဒပြုမှုကို ဇူလိုင်လ ၁၃ ရက်မှာ ပြုလုပ်မှာဖြစ် ပါတယ်။ လွှတ်တော်အမတ် ၂၅ နေရာထက် ပိုအနိုင်ရရှိတဲ့ ဘယ်ပါတီကမဆို ကိုယ်စားလှယ်လောင်းသုံးဉီး အဆို ပြုနိုင်ပါတယ်။

“ကျွန်တော်ကတော့ ဘုရင်ကို နိုင်ငံ့အကြီးအကဲသတ်မှတ်ထားတဲ့ ဒီမိုကရေစီ ဘက်တော်သားဘက်က ဖြစ်ပါတယ်” လို့ ကစ်တီဆက်က ဆိုပါတယ်။

MFP က ဘုရင်စနစ်ဆိုင်ရာဥပဒေဖြစ်တဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကတိပြုထားတာကြောင့် ပီတ ဝန်ကြီး ချုပ်ဖြစ်ရေးမှာ အထက်လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုကို ရရှိဖွယ်မရှိပါဘူး။ မေလ ၁၄ ရက်ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့တဲ့ MFP က ညွန့်ပေါင်းအဖွဲ့ သစ် မဖွဲ့စည်းနိုင်ခဲ့ပါဘူး။

အစိုးရသစ်ဖွဲ့စည်းရေးမှာ အထက်လွှတ်တော်က ကြားဝင်စွက်ဖက်မှာမဟုတ်ဖူးဆိုတဲ့ ရှင်းလင်းသော ရပ်တည်ချက်တစ်ရပ်ရှိတယ်လို့ ကစ်တီဆက်က ဆက်ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတစ်ဉီးဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ရာ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ ၃၇၆ မဲ ထက်မနည်းရရှိဖို့ လိုအပ်ပါတယ်။ ထိုင်းလွှတ်တော်မှာ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့ အထက်လွှတ်တော်အ မတ် ၂၅၀ ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ခေါင်းဆောင်သစ် မည်သူပင်ဖြစ်လာပါစေ နိုင်ငံရေးမငြိမ်သက်မှုတွေ ရှိလာနိုင်တယ်လို့ ကစ် တီဆက်က ထောက်ပြပါတယ်။

ဝန်ကြီးချုပ်ဖြစ်ဖို့ အထက်လွှတ်တော်ရဲ့ထောက်ခံမှု အပြည့်အဝရရှိထားပြီး အထက်လွှတ်တော်က ပြည် သူ့ဆန္ဒကို မဆန့်ကျင်တဲ့မူဝါဒကို လိုက်နာဖို့ မျှော်လင့်တယ်လို့ ပီတက ဇွန်လ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Pita ‘won’t get 5 votes’ for PM, says senator

#Ayeyarwaddy_Times