ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ပါရီမြို့တော် ဆင်ခြေဖုံးဒေသတစ်ခုမှာ ရဲတပ်ဖွဲ့က ဆယ်ကျော်သက်တစ်ဉီးကို ပစ်သတ်တာနဲ့ပတ်သက် တဲ့ ဆန္ဒပြပွဲတွေ ပြင်သစ်နိုင်ငံတစ်ဝှမ်း ပျံ့နှံ့လာခဲ့ပြီး ဆန္ဒပြပွဲအချို့က အကြမ်းဖက်မှုအဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လူပေါင်း ၁၈၀ ကျော် ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြင်သစ်ရဲတပ် ဖွဲ့က ပြောပါတယ်။

ဇွန်လ ၂၇ ရက်က နန်တာရီမြို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရပ်တန့်ပေးဖို့ ပြောဆိုတာကို မလိုက်နာတာတဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်တစ်ဉီး ပစ်သတ်ခံခဲ့ရတယ်လို့ ပြင်သစ် စုံစမ်းစစ်ဆေးရေးမှူးတွေ က ပြောပါတယ်။

ရိုက်တာသတင်းဌာနက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တွေက ကားတစ်စင်းကို ရပ်တန့် ပေးဖို့ပြောဆိုရာမှာ မရပ်တန့်တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဉီးက သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ကား တစ်စီးရဲ့ဘေးမှာ မတ်တပ်ရပ်နေတာကို မြင်တွေ့ရပါတယ်။

ဆယ်ကျော်သက်လူငယ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကို ထိန်းသိမ်းကာ လူသတ်မှုသံသယနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ထိုဖြစ်စဉ်က ပါရီမြို့တော်နဲ့ ပြင်သစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ ဖြစ်စေခဲ့ပြီး ရဲတပ်ဖွဲ့ပိုင် အဆောက်အအုံ တွေ၊ မော်တော်ကားတွေ မီးရှို့ခံခဲ့ရပါတယ်။

လူပေါင်း ၁၈၀ ကျော်ကို ထိန်းသိမ်းခဲ့ပြီး ပြင်သစ်နိုင်ငံတစ်ဝှမ်း ရဲတပ်ဖွဲ့ဝင် ၄၀၀၀၀ ကျော် ဖြန့်ကြက်မယ် လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြည်သူတွေ စိတ်အေးလက်အေးရှိကြဖို့ ပြင်သစ်သမ္မတ အီမန်နူရယ် မေခရွန်က တောင်းဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေအတွင်း လူ ၁၃ ဉီး စံချိန်တင် ပစ်သတ်ခံခဲ့ရလို့ ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ကိုးကား – NHK

Ref; Protests spread in France against deadly police shooting of teenager

#Ayeyarwaddy_Times