ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်
တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ရုရှားသိမ်းပိုက်ထားတဲ့ ပိုင်နက်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုး ပမ်းနေတဲ့ ယူကရိန်းသို့ အမေရိကန်နိုင်ငံက ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးပို့မယ်လို့ အိမ် ဖြူတော်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြေညာခဲ့ပါတယ်။
အမေရိကန်ရဲ့ စစ်ရေးအကူအညီထဲမှာ အမြောက်ကြီးတွေ၊ ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ဘရတ် ဒလေ ခြေလျင်သုံးတိုက်ခိုက်ရေးယာဉ်တွေ၊ Stryker သံချပ်ကာယာဉ် ၂၅ စင်းနဲ့ မိုင်းရှင်းလင်းရေးကိရိယာတွေ ပါဝင်မယ်လို့ သိရပါတယ်။
“အမေရိကန်ကပေးပို့မယ့် စစ်ရေးအကူအညီထဲမှာ ရုရှားကျူးကျော်စစ်ကို ပြန်လည်တိုက်ထုတ်ဖို့ သံချပ် ကာယာဉ်တွေ၊ သံချပ်ကာယာဉ်ဖျက်စနစ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အခြားကိရိယာတွေ ပါဝင်ပါမယ်” လို့ အိမ် ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံကပေးအပ်တဲ့ ၄၁ ကြိမ်မြောက် ယခုစစ်ရေးအ ကူအညီမှာ စတင်းဂါးဒုံးတွေ၊ AT-4 နဲ့ Javelin လေယာဉ်ဖျက်စနစ်တွေ၊ HARM နဲ့ TOW ဒုံးကျည်တွေ၊ သေနတ် ကျည်ဆံ ၂၂ သန်းနဲ့ လက်ပစ်ဗုံးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ပက်ထရီးယော့လိုမျိုး ဒုံးခွင်းစနစ်အချို့က စစ်မြေပြင်မှာ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ယူကရိန်း တပ်ဖွဲ့တွေအတွက် များစွာ အထောက်အကူပြုစေမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာဒက်တန် က ပြောပါတယ်။
ယူကရိန်းနိုင်ငံက ရုရှားရန်မှ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေတွေိကို ကာကွယ်နေရသရွေ့ အမေရိ ကန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်လို့ သူက ပြောပါတယ်။
ယူကရိန်းက ဒီလအတွင်း တန်ပြန်ထိုးစစ်ဆင်မှု စတင်ပြီးနောက် ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ရဲ့ မအောင်မြင်တဲ့ လက်နက်ကိုင်ပုန်ကန်ဖို့ ကြိုးပမ်းမှုကြောင့် ထိုးစစ်ဆင်မှုကို ခဏရပ်နားခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရုရှားသိမ်းပိုက်ထားတဲ့ အရှေ့တောင်ပိုင်းရှိ ကျေး ရွာတစ်ရွာကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – New York Post
Ref; Biden approves $500M Ukraine military aid package for counteroffensive campaign
#Ayeyarwaddy_Times