ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ဧရာ၀တီတိုင်း ၊ ကျုံပျော်မြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့က အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ထော်လာဂျီအတိုက်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

မန်းကြာအုပ်စု၊ အောင်ချမ်းသာရပ်ကွက်က စက်ဘီးစီး
နေတဲ့ ကလေးငယ်တစ်ဦး ထော်လာဂျီတိုက်မိပြီးသေဆုံးခဲ့ကြောင်းဒေသခံများမှပြောသည်။

” မူကြိုတက်နေပြီသူက ကျောင်းပိတ်လို့ဆော့ရင်း ဖြစ်တာမိဘတွေတော့တော်တော်ခံစားရမယ်၊ ရွာဘက်တွေမှာဆိုင်ကယ်တွေဂွန်ဒေါင်း(ထော်လာဂျီ)တွေက ကုန်တွေအပြည့်တင်ပြီးအရမ်းမောင်းတယ်။ လမ်းတွေကလဲကျဥ်းတယ် မိဘတွေအနေနဲ့ ကလေးတွေကိုလမ်းပေါ်ဆော့တာသတိထားစေခြင်တယ်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အသက် ၃ နှစ်အရွယ်မူကြိုတက်ရောက်နေသူ မောင်နေလင်းထွန်းက အစ်ကိုဖြစ်သူရဲ့ စက်ဘီးနောက်မှာလိုက်လံစီးနင်းနေစဥ် ကုန်တင်ထားတဲ့ထော်လာဂျိီနဲ့ချိတ်မိပြီး လမ်းနဲ့ဦးခေါင်းရိုက်မိပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ထော်လာဂျီမောင်းနှင်သူကို ကျုံပျော်မြို့မစခန်းက ဖမ်းဆီးထားကြောင်းဒေသခံတွေဆီကသိရသည်။

#ကျုံပျော်မြို့နယ် #သုံးနှစ်အရွယ်ကလေး #ထော်လာဂျီအတိုက်ခံရပြီးသေဆုံး #Ayeyarwaddy_Times