နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ရက်
ကရင်ပြည်နယ် မြဝတီမြို့ပွင့်လင်းအေးမြိုင် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် မြဝတီမြို့ပေါ်ကနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခက်နေကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာဘက်သို့ ဝင်ရောက် လာ၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းသိရသည်။
“ခုချိန်ထိတော့ ကျွန်တာ်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဘက်ကအထိခိုက်မရှိဘူး။ စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်မှုတွေရှိတယ်။ ဒါကြောင့် မြဝတီမြို့ပေါ်မှာရှိတဲ့ တပ်တွေကနေ လက်နက်ကြီးတွေနဲ့ရမ်းသန်း ပစ်နေတယ်” ဟု မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေသည့် ကျေးရွာများသည် ယခင်က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်စခန်းများ ရှိသည့်နေရာများဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားအလုံးရင်းဖြင့် ဝင်ရောက်လာ၍ KNU ၊ KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
#ကရင်ပြည်နယ် #မြဝတီမြို့နယ် #ပွင့်လင်းအေးမြိုင်ကျေးရွာ #စစ်ကောင်စီတပ် #တိုက်ပွဲဖြစ်ပွား #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times