ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

ဧရာဝတီတိုင်း၊ သာ‌ပေါင်းမြို့ရှိ စက္ကူစက်ရုံကို အာဏာသိမ်းစစ်ကောင်စီက တရုတ်နဲ့ ပူးပေါင်းပြီးပြန်ဖွင့်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက်‌နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း စစ်တိုင်းမှူးရောက်လာပြီး သာပေါင်းမြို့ရှိ စစ်ကောင်စီတပ် (၃၀၈) ဘက်ကို သွားရောက်ခဲ့သလို တန် (၆၀) စက္ကူစက်ရုံဘက်ကိုလည်း သွားရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” တိုင်းမှူးလာစစ်သွားတာတော့ ဟုတ်တယ်၊ လုံခြုံရေးစောင့်နေတဲ့‌ ရဲတွေပြောလို့ သိရတာ၊ စက်ရုံကို လာကြည့်တာတော့ အများကြီးပဲ။ ဘာလုပ်မယ်ဆိုတာတော့ မပြောတက်သေးဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်တိုင်းမှူး ပြန်သွားပြီးနောက် ညနေပိုင်းမှာပဲ တရုတ်နိုင်ငံသားတွေပါလာတဲ့ ယာဉ်တန်းဟာ စက်ရုံထဲကို လုံခြုံရေးတွေနဲ့ အတူ ဝင်သွားတာတွေ့တယ်လို့ ‌ဆိုပါတယ်။

စစ်ကောင်စီတပ်က တရုတ်နဲ့ပူးပေါင်းလုပ်ကိုင်ဖို့ စီစဉ်နေတဲ့ စက်ရုံဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်တဲ့ ဝန်ထမ်းများတာကြောင့် ပိတ်ထားခဲ့ရတဲ့ စက်ရုံဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က CDM ပြုလုပ်တဲ့ ဝန်ထမ်း တော်တော်များများကို ဖမ်းဆီးပြီး ဝန်ထမ်းအသစ်တွေခန့်အပ်ကာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီခန့် ဝန်ကြီးလာရောက်ကြည့်ရှု့နေစဥ်

#သာပေါင်းမြို့နယ် #စက္ကူစက်ရုံ #စစ်ကောင်စီတပ် #တရုတ်နိုင်ငံ #ပြန်ဖွင့်ဖို့စီစဉ် #Ayeyarwaddy_Times