ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမှုနဲ့အတူ အ ဆိုပါဒီမိုကရေစီကျွန်းနိုင်ငံကို စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲနေတယ်လို့ တရုတ် ကာကွယ် ရေးဝန်ကြီးဌာနက စွပ်စွဲလိုက်ပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ စိုးရိမ်ပူပန်မှုတွေကို ဉပေက္ခာပြုကာ တရုတ်ပြည်တွင်းရေးမှာ ဝင် ရောက်စွက်ဖက်ပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျောက် တင်းမာမှုတွေ အရှိန်မြှင့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တန်ကီဖေးက ယနေ့ တုံ့ပြန်လိုက်ပါတယ်။
“အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်လက်နက်တွေရောင်းချပြီး စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖန်တီး ပြီး ထိုင်ဝမ်ပြည်သူတွေကို ဘေးဒုက္ခနွံထဲ တွန်းပို့နေပါတယ်” လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တရုတ်စစ်တပ်က အမြဲ အသင့်ရှိပြီး ထိုင်ဝမ်ရေလက်ကြားအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်း မယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်ဝမ်သို့ ၃၀ မီလီမီတာ ခဲယမ်းမီးကျောက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ စစ်သုံးယာဉ်အပိုပစ္စည်းတွေ၊ အသေး စားလက်နက်တွေ၊ တိုက်ခိုက်ရေးလက်နက်တွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးကိရိယာတွေ ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ စစ်တပ်အဆင့်မြှင့်ဖို့ ကြိုးပမ်းမှုတွေနဲ့ အများယုံကြည်လောက်တဲ့ ကာကွယ်ရေးစွမ်းပကား ထိန်းသိမ်းဖို့ ထောက်ပံ့ပေးခြင်းအားဖြင့် စစ်လက်နက်တွေရောင်းချမယ့် ဆုံးဖြတ်ချက်က အမေရိကန်နိုင်ငံရဲ့ စီး ပွားရေးနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို အကျိုးရှိစေတယ်လို့ ထုတ်ပြန်ချက်တစ်ခုအတွင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
စစ်လက်နက်တေွ ရောင်းချမှုကြောင့် ထိုင်ဝမ်ရဲ့လုံခြုံရေး တိုးတက်လာမှာဖြစ်သလို နိုင်ငံရေးတည်ငြိမ်မှု ထိန်းသိမ်းမှုကို အထောက်အကူဖြစ်သလို စစ်ရေးဟန်ချက်ထိန်းညှိပေးပြီး ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – TRT World
Ref; US turning Taiwan into a ‘powder keg’ with latest military sale: China