ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

ဇူလိုင်လ ၄ ရက်က ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ ဂျက်တိုက်လေယာဉ်တစ်စင်း ပုံမှန် လေ့ကျင့်မှုတစ်ခု ပြုလုပ်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဉီး သေဆုံးခဲ့တယ်လို့ ဒေသန္တရသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ထင်ရှားတဲ့ ရုရှား ဝါဒဖြန့်ချိရေးသမား အိုင်ယာတူမာနော့ဗ်က ဂျက်တိုက်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဉီး သေဆုံးတာကို သူရဲ့ တယ်လီဂရမ်ချန်နယ်မှာ အတည်ပြုခဲ့ပါတယ်။

MiG-31 ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ရုရှားနိုင်ငံ ကမ်ချတ်ကာကျွန်းဆွယ်အရှေ့တောင်ပိုင်း ကမ်းရိုး တန်းရှိ အဗာချာပင်လယ်ကွေ့အတွင်း ပျက်ကျခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

အဆိုပါဂျက်တိုက်လေယာဉ်ဟာ စစ်လက်နက်တွေ သယ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ ရုရှားစစ်တပ်က ပြော ပေမယ့် ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါဘူး။

MiG-31 ဆိုတာ တာဝေးသွား ထိုင်ခုံနှစ်လုံးတပ် အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါ တယ်။ MiG-25 မူကွဲ အဆိုပါဂျက်တိုက်လေယာဉ်မှာ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ကိရိယာတွေ တပ်ဆင်ထားပါ တယ်။

MiG-31 ဂျက်တိုက်လေယာဉ် အစင်းရေ ၅၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး အစင်းရေ ၃၇၀ ကို ရုရှားလေတပ်သို့ ပေးပို့ခဲ့ပြီးဖြစ်ကာ ကာဇတ်စတန်လေတပ်မှာ အဆိုပါဂျက်တိုက်လေယာဉ် ၃၀ စင်း အသုံးပြုနေပါတယ်။

MiG-31 ဆိုတာ သမားရိုးကျ ဂျက်တိုက်လေယာဉ်တေွ လက်လှမ်းမမီတဲ့ တာဝေးရှိ လေကြောင်းပစ်မှတ် တွေကို ကြားဖြတ်ဟန့်တားဖို့ ဒီဇိုင်းထုတ်ထားတဲ့ အဆင့်မြင့်ဆုံး ရုရှားဂျက်တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။

MiG-31 ဂျက်တိုက်လေယာဉ်တွေဟာ အခြားလေယာဉ်တွေနဲ့အတူ တာဝန်ထမ်းဆောင်စဉ် တိုက်ခိုက်မှု ပြုလုပ်နိုင်စွမ်းလည်းရှိပါတယ်။

ကိုးကား – Defence Blog
Ref; 2 pilots killed in Russian MiG-31 fighter jet crash

#Ayeyarwaddy_Times