ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၆) ရပ် ကွက် ဗိုလ်ဗဌေးလမ်းတွင်ရှိသည့် မိုင်တဲတာဝါတိုင်တွင် လုံခြုံရေးဆောင်ရွက်နေသည့်စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူနှင့် လမ်းသွားလမ်းလာများကို နေ့စဥ် မှုးယစ်ရမ်းကားဆဲဆိုမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကလည်း ညဘက် ဆိုင်ကယ်မောင်းကာပြန်လာသည့် လူငယ်တစ်ဦးကို သူတို့ ကင်းစောင့်နေသည့် နေရာအရောက်ဟွန်းတီးသည်ဟု အကြောင်းပြပြီး ဖမ်းဆီးကာရိုက်နှက်ကာ ပြန်လွှတ်ခဲ့ကြောင်း ပတ်၀န်းကျင်နေထိုင်သူများကပြောသည်။
“နေ့တိုင်း ကျောင်းဆင်း၊ ကျောင်းတက်ချိန်ဆို ကျောင်းလာကြိုတဲ့ မိဘတွေကို သူတို့ ကင်းရှေ့မှာ ကလေးလာကြိုလို့လို့ ဆိုပြီးအသက်လွတ်မကြားဝံမနာသာတွေဆဲနေတာ။ ယူနီဖောင်း မဝတ်ပေမယ့် သေနတ်ကတော့လက်ကမချဘူး။ အရက်နံကလဲ မခံနိုင်ဘူး လမ်းပေါ်တောင်ထွက်ဆဲနေတယ်နေ့တိုင်းပဲ”ဟု မျက်မြင်တွေ့ရှိသူ ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
မိုင်တဲလ်တဝါတိုင်သည် ဗိုလ်ဗဌေးလမ်း ကန်လျှားဘုန်းကြီးကျောင်းအတွင်း၊အထက ၆ ကျောင်း နောက်ဂိတ်ပေါက်တည့်တည့်တွင်တည်ရှိပြီး စစ်ကောင်စီတပ်သား ၄ ဦးအမြဲတမ်းကင်းစောင့်နေကြောင်းသိရသည်။
လက်ရှိတွင် လမ်းသွားလမ်းလာများပြားသည့်နေရာဖြစ်ပြီး နေ့စဥ်ကျောင်းသွားကျောင်းပြန်များသည့် နေရာတွင်ယခုကဲ့သို့စစ်ကောင်စီတပ်သားများ နေ့စဥ် မူးယစ်ရမ်းကားနေသည်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #မိုင်တဲလ်တာဝါတိုင် #မူးယစ်ဆဲဆို #အရေးမယူ #Ayeyarwaddy_Times