ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်
ကော့ဘဇားခရိုင်အတွင်း နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ သဘာဝ ဘေးဒဏ်သင့် ဒေသခံပြည်သူတွေအတွက် ဗြိတိန်အစိုးရက ဒေါ်လာ ၁၅ သန်းခန့် ထောက်ပံ့လိုက်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အကူအညီသစ်အရ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေကို ကို စားနပ်ရိက္ခာ၊ ရေ နှင့် သန့်ရှင်းရေးကိရိယာတွေ ထောက်ပံ့သွားမယ်လို့ ဒါကာမြို့တော်ရှိ ဗြိတိန်ကော်မရှင်ရုံးက ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်နေပြီး အများစုက ကော့ဘဇားခရိုင်မှာ ခိုလှုံနေကာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ၃၀၀၀၀ ဝန်းကျင်ကို ဘာဆန်ရှားကျွန်းသို့ ရွှေ့ပြောင်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီတဲ့ ငွေကြေးကို ရေဘေးနဲ့ ဆိုင်ကလုန်းမုန်တိုင်းလိုမျိုး ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ် ဝန်းရှိ သဘာဝဘေးဒဏ်သင့် အသိုင်းအဝိုင်းတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ အကူအညီကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ START Fund Bangladesh တို့က စီမံခန့်ခွဲမှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့အကူအညီကို ဒီနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည် ၅၄၆၁၀၀ ဉီးသို့ စားနပ်ရိက္ခာထောက်ပံ့ဖို့ WFP သို့ ဒေါ်လာ ၁၀ သန်း ပံ့ပိုးမှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒေသခံအသိုင်းအ ဝိုင်းတွေအတွက် ဒေါ်လာ ၄၅၉ သန်းတန်ကြေးရှိ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ပေးခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; UK provides $15M aid for Rohingya, locals hit by disasters in Bangladesh