ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်

စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် ပြုလုပ်လျက်ရှိသည့်အတွက် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီ တိုင်းသုံးတိုင်းရှိ ပြည်သူ့အခြေပြုစာ သင်ကျောင်းများနှင့် ကျောင်းရှိရာဒေသများတွင် ဗုံးခို ကျင်းများ ထောင်ချီ၍ တူးဖော်ပြီးစီးကြောင်း သိရသည်။

မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည်ရှိရာ ဒေသများကို လေကြောင်း ရန်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် CDM များနှင့်အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ အစီအစဉ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများတူဖော်ပေးခဲ့ရာ ၈၃၆ ကျင်း တူးဖော်ပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွနတ်ရေးအစိုးရ (NUG) ၊ သဘာ၀ဘေး အန္တရာယ်နှင့် စီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM) က ထုတ်ပြန်ထားသည်။

“ခုစစ်တပ်က မြေပြင်စစ်ကြောင်းထက် လေကြောင်းကိုပိုပြီး အသုံးပြု တိုက်ခိုက် လာတယ်။ လေကြောင်းနဲ့ ချပြီးမှ မြေပြင်ကနေ စစ်ကြောင်းထိုးတာ။ ကိုယ်တွေဘက်က ကြိုတင်ပြင်ဆင်ထားနိုင်ရင်တော့ ပိုကောင်း တာပေါ့”ဟု စစ်ကိုင်းတိုင်းရှိ တော်လှန် ရေးတပ်ဖွဲ့ ၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်လ ဇွန်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း ၃၃၉ ကျင်း တူးဖော်ပေးခဲ့ပြီး စုစုပေါင်း ၁၁၇၅ ကျင်းတူး ဖော်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသည်ဖြစ်၍ လေကြောင်း တိုက်ခိုက်မှု အချိန်မရွေးဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် အရပ်သားပြည်သူများ၊ စစ်ရှောင်ပြည်သူများ အတွက် ယာယီပုန်းခို ရန်နေရာများ၊ ဗုံးခိုကျင်းများနှင့် ကတုတ်ကျင်းများကို အလှူရှင်များအားကိုယူ၍ မြေပြင်ရှိလူထုနှင့်အတူ စာသင်ကျောင်းများအပြင် စစ်ရှောင်စခန်းများ ကိုပါ တူးဖော်ပေးနိုင်ခဲ့သည်ဟု MOHADM က ဆိုသည်။

#စစ်ကောင်စီတပ် #လေကြောင်းရန် #လက်နက်ကြီး #တိုင်းသုံးတိုင်း #NUG# ဗုံးခိုကျင်း# ကတုတ်ကျင်း #တစ်ထောင်ကျော်တူးဖော် #Ayeyarwaddy_Times