ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်

ဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ Facebook အကောင့် အသုံးပြုခွင့် ရပ်ဆိုင်းထားတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နည်းပညာကုမ္ပဏီ Meta ဘုတ်အဖွဲ့ကို တိုင်းပြည်တွင်း ဝင်ရောက်ခွင့်ပိတ်ပင်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံက ပြောကြားလိုက်ပါတယ်။

အဖွဲ့ဝင် ၂၂ ဉီးပါ Meta ဘုတ်အဖွဲ့ကို တိုင်းပြည်တွင်း ဝင်ရောက်ခွင့် သို့မဟုတ် နေထိုင်ခွင့်မပြုဘူးလို့ ကမ္ဘောဒီးယားအစိုးရက ဇူလိုင်လ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြင်ပပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆိုပါဘုတ်အဖွဲ့ဟာ Facebook အပါအဝင် Meta ရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ အသုံးပြုတွေရဲ့ ပို့စ်တွေက စံသတ်မှတ်ချက် လိုက်နာမှုရှိ မရှိ စောင့်ကြည့်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နိုင်ငံရေးအတိုက်အခံတွေရဲ့ နေအိမ် တွေဆီ ဂိုဏ်းစတားတွေ စေလွှတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ရုပ်သံဖိုင်တစ်ခုကို Facebook ပေါ်တင်ကာ အ ကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ခဲ့တယ်လို့ ပညာရှင်တွေက ပြီးခဲ့တဲ့လအတွင်း ပြောကြားခဲ့ပါတယ်။

အာဏာရှင်တစ်ဉီးဖြစ်တဲ့ ဟွန်ဆမ်ဟာ ဝန်ကြီးချုပ်ရာထူးကို ရယူထားတာ နှစ် ၄၀ နီးပါးရှိပြီဖြစ်ကာ အာဏာချုပ်ကိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။

ဟွန်ဆမ်က ဒီလအတွင်းပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ နိုင်ငံရေးပါတီ ယှဉ်ပြိုင်ခွင့်မရအောင် ပိတ်ပင်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲမယှဉ်ပြိုင်ဖို့ လူမှုကွန်ရက်တွေမှာ ဆော်သြသူတွေကို ဒဏ်ရိုက်ကာ ထောင်ချပစ်မယ်လို့ ဟွန်ဆမ်က ခြိမ်းခြောက်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Cambodia bars Meta oversight board for asking freeze on Hun Sen’s account

#Ayeyarwaddy_Times