ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၅ ရက်
အာဖဂန်နစ္စတန် နိုင်ငံရှိ အမျိုးသမီးတွေ ဖွင့်လှစ်ထားတဲ့ ရာနဲ့ချီတဲ့ အလှပြင်ဆိုင်တွေကို တစ်လအတွင်း ပိတ်ဖို့ တာလီဘန်အဖွဲ့က အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။
တာလီဘန်အဖွဲ့ဟာ ဆင်းရဲမွဲတေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်နဲ့ အ လုပ်လုပ်ခွင့် ပိတ်ပင်တာတွေ ပြုလုပ်နေပါတယ်။
အမိန့်ကို ချက်ချင်း အာဏာတည်ဖို့နဲ့ အလှပြင်ဆိုင်တွေအားလုံးရဲ့လိုင်စင်ကို ပယ်ဖျက်ဖို့ တာလီဘန်အဖွဲ့ က ကဘူးလ်မြို့တော်နဲ့ ပြည်နယ်တွေက အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။
အမျိုးသမီး အလှပြင်ဆိုင်တွေ ပိတ်ပင်ဖို့ ညွှန်ကြားချက်ဟာ တာလီဘန်အဖွဲ့ခေါင်းဆောင် ဟီဘာတူလာ အခွန်ဇာဒါရဲ့ အမိန့်ကြောင့်ဖြစ်လာတာလို့ သိရပါတယ်။
“အမျိုးသမီး အလှပြင်ဆိုင်တွေပိတ်ပင်ဖို့ နောက်ဆုံးသတ်မှတ်ရက်က တစ်လဖြစ်ပါတယ်” လို့ တာလီ ဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဆာဒစ်အကက်ခ်က သတင်းထောက်တွေထံပေးပို့တဲ့ သတင်းထုတ်ပြန် ချက်မှာ ပြောပါတယ်။
စည်းကမ်းချိုးဖောက်သူတွေကို ဉပဒေအရ အရေးယူမယ်လို့ တာလီဘန်ဝန်ကြီးဌာနက သတိပေးခဲ့ပေ မယ့် ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြပါဘူး။
လွန်ခဲ့သော ၂ နှစ်နီးပါးက အာဏာရရှိလာပြီးနောက် တာလီဘန်အဖွဲ့က မိန်းခလေးတွေကို ၆ တန်းထက် ပိုပြီး ပညာမသင်ကြားဖို့ ပိတ်ပင်ကာ အမျိုးသမီး နိုင်ငံ့ဝန်ထမ်းတွေကို နေအိမ်မှာသာနေထို့ အမိန့်ထုတ်ကာ အမျိုး သမီးတွေကို အလုပ်မခန့်ဖို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေကို တားမြစ်ခဲ့ပါတယ်။
တာလီဘန်အဖွဲ့ဟာ ပန်းခြံ၊ အားကစားခန်းမနဲ့ ရေချိုးခန်းလိုမျိုး အများပြည်သူပိုင်နေရာတွေမှာ အမျိုး သမီးတွေ လာရောက်တာကို ပိတ်ပင်ထားပါတယ်။
တာလီဘန်အဖွဲ့ရဲ့ ပိတ်ပင်မှုဟာ စီးပွားရေး အကျပ်အတည်းဖြစ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေကို အလုပ်လက်မဲ့ဖြစ်စေကာ အမျိုးသားမိသားစုဝင်တွေအတွက် အလုပ်အကိုင်မရှိတာ ကြောင့် အသက်ရှင်သန်မှုကို ခြိမ်းခြောက်စေမယ်လို့ အလှပြင်ဆိုင်တွေမှာ လုပ်ကိုင်နေတဲ့ မိတ်ကပ်ပညာရှင်တွေ က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်အမျိုးသမီးတွေရဲ့ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ် ခွင့်ကို ကန့်သတ်တာတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး ဒီမူဝါဒတွေကြောင့် တာလီဘန်အဖွဲ့ကို တရားဝင်မှုပေးဖို့ ကမ္ဘာ့နိုင်ငံတွေအတွက် မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ တောင်းဆိုချက်တွေကို တာလီဘန်အဖွဲ့ခေါင်း ဆောင် ဟီဘာတူလာအခွန်ဇာဒါက ပယ်ချခဲ့ပြီး တာလီဘန်အဖွဲ့ဟာ အာဖဂန်ယဉ်ကျေးမှုနဲ့ အစ္စလာမ်ဥပဒေ သို့မဟုတ် ရာရီယာဥပဒေနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်နေတာလို့ တုံ့ပြန်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂမစ်ရှင် ဒုတိယအကြီးအကဲ မာကွပ်စ်ပေါ့ဇ်တဲလ်က အမျိုးသမီး တွေအပေါ် ကန့်သတ်ချက်တွေကို ရှုတ်ချခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံက ကမ္ဘာ့အသိုင်းအဝိုင်းအတွင်း မပေါင်းစည်း မီ ကန့်သတ်ချက်တွေ ရုတ်သိမ်းဖို့ ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။
ကိုးကား – VOA
Ref; Taliban Ban Women’s Beauty Salons in Afghanistan