ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့်ပြည်သူတွေအတွက် အာဆီယံအဖွဲ့က ဒီသတင်းပတ်အစောပိုင်းမှာ ဒေါ်လာ ၃၇၈၀၀ တန်ကြေးရှိ လူသားချင်းစာနာမှုအကူအညီ မြန်မာနိုင်ငံသို့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၆ ရက်က ရန်ကုန်မြို့တော်သို့ ရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေထဲမှာ အရေးပေါ် ဆောက် လုပ်ရေးသုံးကိရိယာတွေနဲ့ ရေသန့်စင်စနစ်တွေ ပါရှိတယ်လို့ အာဆီယံဥက္ကဌရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေကို အင်ဒိုနီးရှားစစ်လေယာဉ်တစ်စင်းက မလေးရှားနိုင်ငံ ဆူဘန်းမြို့ရှိ အာဆီ ယံအရေးပေါ်ဂိုဒေါင်တစ်ခုမှ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

အရေးပေါ်တုံ့ပြန်မှုမှ ပြန်လည်ထူထောင်ရေးအဆင့်အထိ မြန်မာနိုင်ငံကို ဆက်လက်ပြီး ပံ့ပိုးကူညီဖို့ အာ ဆီယံအဖွဲ့က အသင့်ရှိပါတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ဒေါ်လာ ၃၉၃၄၀၀ တန်ကြေးရှိ အာဆီယံ အရေးပေါ်အကူအညီပေးရေးစင်တာရဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဇွန်လ ၂၁ ရက်နဲ့ ၂၈ ရက်မှာ မြန်မာနိုင်ငံသို့ နှစ်သုတ်ခွဲပြီး ပို့ဆောင်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဟာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဒသမ ၆ သန်းဝန်းကျင်တန်ကြေးရှိ လူသား ချင်းစာနာမှု အကူအညီများကို ၁၀ သုတ်ခွဲပြီး ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ငွေကြေးအကူအညီ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပစ္စည်းကိရိယာ အစရှိသဖြင့် လူသားချင်းစာနာမှုအကူအညီတွေ ထောက်ပံ့ပေးခြင်းအားဖြင့် မြန်မာနိုင်ငံကို ကူညီပေးခဲ့ပါတယ်။

မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြည်သူ သန်းနဲ့ချီ ဘေးသင့်ကာ လူနေအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံတွေ ထောင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Cyclone Mocha: ASEAN deliver another batch of humanitarian aid to Myanmar