ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁ ရက်

တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတိုးပေးတာကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၄၄၀ တန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

၃၀ မီလီမီတာ ခဲယမ်းမီးကျောက်တွေအပြင် မော်တော်ယာဉ်နဲ့ အခြားကိရိယာအစိတ်အပိုင်းတွေ ရောင်း ချမယ့်ဆုံးဖြတ်ချက်ကို ကွန်ဂရက်ထံ အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ရောင်းချမယ့် ခဲယမ်းမီးကျောက်တွေဟာ သံချပ်ကာယာဉ်တွေပေါ်က အ မြောက်ကြီးတွေအတွက်ဖြစ်တယ်လို့ ယူဆရပါတယ်။

ခဲယမ်းမီးကျောက်တွေ ရောင်းချမှုကြောင့် ထိုင်ဝမ်ရဲ့ပြည်တွင်းဖြစ် CM-34 သံချပ်ကာယာဉ်တွေအတွက် လက်ရှိနဲ့ အနာဂတ်ခြိမ်းခြောက်မှုတွေကို ဖြည့်ဆည်းပေးတဲ့စွမ်းရည်ကို မြှင့်တင်ပေးလာမယ်လို့ အမေရိကန်အစိုး ရ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်တပ်ဖွဲ့တွေက ဝေဟင်-ရေပြင် ပိတ်ဆို့မှုတွေပြုလုပ်ပါက ထိုင်ဝမ်အနေနဲ့ ပြင်ပကနေ ခဲယမ်းမီး ကျောက်တွေ၊ အခြားစစ်လက်နက်တွေရရှိဖို့ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့ လေ့လာသူတွေက ပြောပါ တယ်။

အမေရိကန်နိုင်ငံရဲ့ ခဲယမ်းမီးကျောက်ရောင်းချမှုက စစ်လက်နက်စုပုံဖို့ မရှိမဖြစ်လိုအပ်ပြီး ဒေသတွင်း တည်ငြိမ်မှုကို အထောက်အကူဖြစ်စေမယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; US approves $440 mil. arms sales to Taiwan
#Ayeyarwaddy_Times