​​​​​ဓာတ်ပုံ - The Chin Journal

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ယမန်နေ့ ဇူလိုင် ၁၄ရက်က ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကြား၊ ဒိုထဲကျေးရွာနှင့် ချွန်ကျုံးကျေးရွာအကြားတိုက်ပွဲတွင် CDF-Hakha ရဲဘော် ဆလိုင် ဗျက်နှင်းကျဆုံးသွားကြောင်း CDF – Hakha က သတင်းထုတ်ပြန်ထားသည်။

” Chinland Defense Force – Hakha ၏တပ်ရင်းတစ်ခုမှ ဆလိုင်းဗျက်နှင်းထန် (အသက် ၃၄) သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် နိုင်ငံနှင့်လူမျိုးအတွက် အကြမ်းဖက် စစ်ကောင်စီနှင့်၎င်း၏လက်ပါးစေ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း ရှေ့တန်း တစ်နေရာတွင် အသက်ပေးလှူသွားခဲ့သည်” ဟု CDF – Hakha က ရေးသားဖော်ပြထားသည်။

ချင်းအမျိုးသားတော်လှန်ရေးအတွက် ၎င်းသူရဲကောင်း၏ ပေးဆပ်မှုများအပေါ် Chinland Defense Force – Hakha မှလေးစားဂူဏ်ပြုအပ်ပါကြောင်းနှင် ကျန်ရစ်သူမိသားစုနှင် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းတင်အပ်ပါကြောင်း ရေးသားထုတ်ပြန်ထားသည်။