ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ထိန်းသိမ်းခံလိုက်ရသော ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့မှ ရဲဘော်စိုင်းဝဏ္ဏ စစ်ကြောရေးမှာ ဇွန်လ ၁၆ ရက်နေ့က ကျဆုံးခဲ့တယ်လို့ KDF က သတင်းထုတ်ပြန်ပါတယ်။
၎င်းမှာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့မှာ မြို့ပြဖောက်ခွဲရေးတာဝန်ထမ်းဆောင်နေသူ​ဖြစ်​တယ်လို့ သိရပါတယ်။

” KDF မှပေးအပ်သော တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ရင်း ဇွန်လ(၁၆)ရက်နေ့ တွင်စစ်ကြောရေး၌ ကျဆုံးခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို ပေးဆပ်ခဲ့ရပါသည်” လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး – KDF က ရေးသားဖော်ပြထားပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့အနေဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့သော ရဲဘော် စိုင်းဝဏ္ဏ အား အာဇာနည်သူရဲကောင်း အဖြစ် အသိအမှတ်ပြုမှတ်ကျောက်တင်အပ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Karenni Democratic Front (KDF)