
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကိုတန်ပြန်ဖို့ ၂၀၂၈ ခုနှစ်မတိုင်မီ ရေဒါ ရှောင်ကွင်းနိုင်တဲ့ အက်ဖ်-၃၅အေ ဂျက်တိုက်လေယာဉ် အစင်း ၂၀ ထပ်မံဝယ်ယူဖို့ ဒေါ်လာ ၂ ဒသမ ၉၇ ဘီလီယံ ကို တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးကုမ္ပဏီ လော့ဟိမာတင်က ထုတ်လုပ်တဲ့ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့် တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြောက်စီမံကိန်းကို ကာကွယ်ရေးစီမံကိန်းမြှင့်တင်ရေးကော်မတီက အတည်ပြုလိုက်ပါတယ်။
အဲဒီကော်မတီရဲ့ ပထမအကြိမ် စီမံကိန်းအရ တောင်ကိုရီးယားနိုင်ငံက အက်ဖ်-၃၅အေ ဂျက်တိုက်လေ ယာဉ် အစင်းရေ ၄၀ ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။
“ဒီစီမံကိန်းကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် ခြိမ်းခြောက်မှုတွေ ကို ထိရောက်စွာ တန်ပြန်နိုင်မယ်” လို့ ကာကွယ်ရေးပစ္စည်း စီမံခန့်ခွဲရေးအဖွဲ့ (ဒီအေပီအေ) က ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။
အိုမင်းနေပြီဖြစ်တဲ့ စီအိတ်ချ်-၄၇ဒီ ရဟတ်ယာဉ်တွေရဲ့နေရာမှာ အစားထိုးဖို့ အမေရိကန်ကုမ္ပဏီ ဘိုအင်း ကထုတ်လုပ်တဲ့ စီအိတ်ချ်-၄၇အက်ဖ် ရဟတ်ယာဉ်တွေဝယ်ယူဖို့ ဝမ် ၁ ဒသမ ၄ ထရီလီယံကိုလည်း ကော်မတီက အတည်ပြုလိုက်ပါတယ်။
မကြာသေးမီက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြား ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ တာကြောင့် မြောက်ကိုရီးယားနိုင်ငံက ရန်စမှုတွေ ပိုမိုပြုလုပ်လာပြီး ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ကိုးကား – Yonhap
Ref; S. Korea to deploy around 20 more F-35A fighters by 2028