ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင်လ ၁ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ က ဖမ်းဆီးခံရသူ ခြောက်ဦး သည် ဇွန် ၃၀ ရက်နေ့ ညပိုင်းက ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။
ပြန်လွတ်လာသူများမှာ သီရိမင်္ဂလာ ရပ်ကွက်တွင်နေထိုင်သည့် ဦးအောင်ဇော်ဦးနှင့် ဇနီး ဒေါ်ဥမ္မာ၊ဖောင်းတောကျေးရွာ တွင်နေထိုင်သည့် ဒေါ်နှင်းမြင့်၊ဒေါ်စုဝေ၊ဒေါ်မီးချို၊ဒေါ်မီးလေးတို့ ဖြစ်ကြောင်းသိရသည်။
“အခု ပြန်လွတ်လာတော့ နည်းနည်းတော့ပိန်သွားကြတယ်။သူတို့လည်း အထဲမှာနေရတယ်ဆိုတော့ အိမ်ကို သတိရလို့နေမယ်ထင်တယ်။ကျန်းမာရေးတော့ ကောင်းကြတယ်” ဟု သီရိမင်္ဂလာ ရပ်ကွက်တွင် တေထိုင်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ပြန်လွတ်လာသူ ခြောက် ဦးကို ဇွန်လ ၁၉ ရက်နေ့ ညက သီရိမင်္ဂလာ ရပ်ကွက် ရှိ ဦးအောင်ဇော်ဦး နှင့် ဇနီး ဒေါ်ဥမ္မာတို့ကို နေအိမ်တွင်ဖမ်းဆီးသွားခဲ့ပြီး ဖောင်းတောကျေးရွာ ဒေသခံအမျိုးသမီး လေးဦး ဖြစ်သည့် ဒေါ်နှင်းမြင့်၊ဒေါ်စုဝေ၊ဒေါ်မီးချို၊ဒေါ်မီးလေးတို့ကို ပန်းသပိတ်တွင်ပါဝင်ဆင်နွှဲသည်ဟုဆိုကာ စွပ်စွဲချက်ဖြင့် ဇွန်လ ၂၀ ရက်နေ့ ညတွင် ၄င်းတို့၏ နေအိမ်အသီးသီးတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြန်လွတ်လာသည့် ဒေသခံ ခြောက်ဦး သည် အုန်းပင်ကွင်းရွာ မောရဝတီရေတပ်ဌာနချုပ်တွင် ၁၁ ရက် ခန့်ကြာမြင့်စွာ ဖမ်းဆီး စစ်ဆေးခံရပြီးမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ ၊ပြန်လွတ်လာတဲ့ ကံပေါက် ဒေသခံ ၆ ဦး
#မောရဝတီရေတပ် #ဖမ်းဆီး #ကံပေါက်ဒေသခံ #၆ဦးပြန်လွတ်လာ #Ayeyarwaddy_Times