ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

ဆောင်းဦးမရောက်မီ ရုရှားထံဆုံးရှုံးခဲ့တဲ့ ပိုင်နက်နယ်မြေတွေ ပြန်လည်သိမ်းပိုက်ပြီး ဒီနှစ်မကုန်မီ အပစ် အခတ်ရပ်စဲဖို့ မော်စကိုအား ဖိအားပေးမယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက အမေရိကန် စီအိုင်အေ ညွှန်ကြားရေး မှူးကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လအတွင်း ယူကရိန်းသို့လာရောက်တဲ့ လျှို့ဝှက်ခရီးစဉ်အတွင်း စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းဟာ ယူကရိန်းသမ္မတ ဇီလန်စကီး၊ ထိပ်တန်း ယူကရိန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်မီ ဒီယာတွေက သတင်းရင်းမြစ်များစွာကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာအဖွဲ့ခေါင်းဆောင်ရဲ့ လက်နက်ကိုင်ပုန်ကန်ဖို့ ကြိုးပမ်းမှုမတိုင်မီ ဝီလီယံဘန်း က ယူကရိန်းသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ယူကရိန်း စစ်ဘက်ရေးရာစီစဉ်သူတွေက ဝီလီယံဘန်းရဲ့ ခရီးစဉ်အတွင်း ရုရှားအပေါ် ယူကရိန်းရဲ့ တန် ပြန်ထိုးစစ်ဆင်မယ့် မဟာဗျူဟာကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အမေရိကန်မီဒီယာတွေက ဆိုပါတယ်။

ယူကရိန်းအာဏာပိုင်တွေက ရုရှားထိန်းချုပ် ခရိုင်းမီးယား နယ်စပ်ဒေသအနီးသို့ အမြောက်ကြီးတွေ၊ ဒုံး ကျည်တွေ ရွှေ့ပြောင်းလိုကာ ယူကရိန်းအရှေ့ပိုင်းသို့ ရုရှားတပ်ဖွဲ့တွေကို မောင်းထုတ်ပြီး မော်စကိုနဲ့ စေ့စပ်ညှိနှိုင်း မှုတွေ စတင်လိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရုရှားနိုင်ငံရဲ့ ပင်လယ်နက်ရေယာဉ်စုထားရှိရာ ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းက သိမ်းပိုက်ဖို့ ကြိုး စားနေတယ်လို့ The Washington Post က ဖော်ပြပါတယ်။ ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို တစ်ဖက်သတ် ကျူးကျော်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မျှော်မှန်းထားတာထက် တိုးတက်မှု နှေးကွေးတာကို သူ့အနေနဲ့ အံ့အားမသင့်ဘူးလို့ အမေရိကန် ပူးတွဲ စစ်ဉီးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ဇွန်လ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

“ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ သီတင်းပတ် ၆ ပတ်ကနေ ၁၀ ပတ်အထိ ကြာမြင့်နိုင်သလို အလွန်ကို ခက်ခဲပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အချိန်ကြာမြင့်နိုင်ပြီး သွေးထွက်သံယိုမှုတွေ အများ ကြီးရှိလာမယ်” လို့ ဝါရှင်တန်မြို့တော်က National Press Club မှာ မတ်ခ်မီလေးက ပရိသတ်တွေကို ပြောကြားခဲ့ ပါတယ်။
ကိုးကား – NHK
Ref; US media: Ukraine reveals ambitious plans to end war by year’s end
#Ayeyaewaddy_Times