ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများကနေအိမ် ၆လုံးအားဇွန်လ ၃၀ ရက်နေ့တွင်လိုက်လံချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံကမှ သိရသည်။
PDF နှင့် ဆက်သွယ်ထောက်ပံမှုပြုလုပ်မှုကြောင့်စွပ်စွဲဖမ်းဆီးခံထားရသူ အမျိုးသား ၃ ဦးရဲ့ နေအိမ်များအား ရဲ၊ စစ်ကောင်စီတပ်ဖွဲ့၀င်တို့ကလိုက်ပြီးချိပ်ပိတ်တာဖြစ်ကြောင်း ဒေသခံများမှပြောသည်။
“လူတွေကို ဖမ်းပြီးပြီး နောက်ကျန်ခဲ့တဲ့မိသားစုနေအိမ်တွေကိုပြသနာရှာပြီးချိပ်ပိတ်ပစ်နေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ပြောသည်။
ပန်းတနော်မြို့တွင် စစ်ကောင်စီကအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)/၅၁(ဂ) /၅၂(က)ပုဒ်မများနှင့်ဖမ်းဆီးခံထားရသူကိုနိုင်၀င်း၊ကိုညဏ်ဌေး၊ ကို ကောင်းခန့်ထက်တို့၏ နေအိမ်များကို ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ကြောင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောသည်။
လာရောက်ချိတ်ပိတ်ခဲ့သည့် စစ်ကောင်စီတပ်တွေနဲ့ ရဲများက လက်ရှိနေထိုင်နေသောမိသားစုဝင်တွေကို ဖယ်ရှားခိုင်းလိုက်ကြောင်းဒေသခံတွေကပြောသည်။
ပန်းတနော်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့သဖြင့် တိမ်းရှောင်နေရသည့် ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များကိုကူညီမှုနဲ့စွတ်စွဲ ထားသူများ၏ နေအိမ် စုစုပေါင်း ၃၀ နီးပါးက်ိုစစ်ကောင်စီမှ ချိပ်ပိတ်သိမ်းဆည်းထားကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပန်းတနော်မြို့ #စစ်ကောင်စီတပ် #နေအိမ်သုံးလုံးချိပ်ပိတ် #Ayeyarwaddy_Times