ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

ကမ္ဘောဒီးယားနိုင်ငံက Facebook ကိုယ်စားလှယ်ကို တိုင်းပြည်တွင်းမှ နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆမ်က ပြောကြားလိုက်ပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံမှာ Facebook ကို ပိတ်ပင်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက်မရှိပေမယ့် ကမ္ဘောဒီးယား နိုင်ငံမှာ Facebook ရဲ့ ကိုယ်စားလှယ်ကို ဆက်လက်ထားရှိဖို့ ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟွန်ဆမ်က ပြောပါတယ်။

Facebook က ဘက်လိုက်မှုတွေရှိပြီး ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်ဆီဟာမိုနီ၊ သူနဲ့ သူ့မိသားစုအပေါ် ပြည်ပရောက် နိုင်ငံရေးအတိုက်အခံတွေရဲ့ စော်ကားတဲ့မှတ်ချက်တွေကို မျက်ကွက်ပြုထားတယ်လို့ ဟွန်ဆမ်က စွပ်စွဲခဲ့ပါတယ်။

Facebook ရဲ့ ကိုယ်စားလှယ်ကို ကမ္ဘောဒီးယားနိုင်ငံမှနှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ စာတိုက်နှင့် ဆက် သွယ်ရေးဝန်ကြီးဌာန (MPTC) က ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Facebook ကုမ္ပဏီကို ကိုယ်စားပြုခြင်း၊ အစိုးရနဲ့ဆက်ဆံခြင်းနဲ့ ပုဂ္ဂလိကနယ်ပယ်မှာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုလိုမျိုး ဆောင်ရွက်ချက်အားလုံး ရပ်ဆိုင်းဖို့လည်း ကမ္ဘောဒီးယားအစိုးရက သတိပေးခဲ့ပါ တယ်။

အကောင့်အတုတွေဖန်တီးတာ၊ ပုဂ္ဂလိကအချက်အလက်တွေ ချိုးဖောက်တာနဲ့ စုဆောင်းတာ၊ သတင်းတု တွေဖြန့်တာ၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတာ၊ ပြည်တွင်းနိုင်ငံရေးမှာ ကြားဝင်စွက်ဖက်တာလိုမျိုး ကမ္ဘော ဒီးယားနိုင်ငံရှိ Facebook အသုံးပြုတွေအတွက် ဝန်ဆောင်မှုတွေပေးရာမှာ မူမမှန်မှုတွေကို MPTC က တွေ့ရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – Xinhua
Ref; Cambodia expels Facebook representative from country: PM
#Ayeyarwaddy_Times