ဧရာ၀တီတိုင်းမ်
ဘိုကလေး ၊ ဇူလိုင်လ ၂ ရက်
ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့တွင် PDF နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဆန်စက်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့၀င်းများက ချိပ်ပိတ်လိုက်ကြောင်းသတင်းရရှိသည်။
အဆိုပါ ဆန်စက်ကို ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များက ချိပ်ပိတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆန်စက်၏ ကာလတန်ဘိုးငွေမှာ ကျပ်သိန်း (၃၀၀၀) ၀န်းကျင်ရှိသည့်အပြင် ဆန်စက်ထဲတွင် ကြံ့ခိုင်ရေးပါတီ၀င်များ၏ စပါးများကို သိုလှောင်ထားကြောင်း ဒေသခံများကပြောသည်။
“ဘိုကလေးနယ်ဘက်မှာ ချိတ်ပိတ်တာအများကြီးပဲ အခုဆန်စက်အပါအ၀င်နဲ့နေအိမ်တွေရောပေါ့။ ဆန်စက်ထဲမှာ စစ်ကောင်စီကိုပေးဖို့ စပါးတွေလည်းအများကြီးပဲ အုပ်ချုပ်ရေးမှူးသွားပို့ထားတာ။ စပါးတွေကို သယ်ထုတ်မယ်လို့လည်း ပြောနေကြတယ်” လို့ ဘိုကလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဘိုကလေးမြို့နယ်တွင် လက်ရှိအချိန်အထိ ချိပ်ပိတ်ခံရသည့် နေအိမ်များမှာ အလုံး (၄၀) ၀န်းကျင်အထိ ရှိနေပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် CDM ပညာရေး၀န်းများ၏ နေအိမ် အများစုပါဝင်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
စစ်တပ်က အာဏာသိမ်ပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာတနိုင်ငံလုံးတွင် ချိပ်ပိတ်သိမ်းဆည်းခံရသည့် အမှုပေါင်း ၇၅၁ ခုအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ချိပ်ပိတ်ခံရသည့် ဆန်စက်
#ဘိုကလေးPDF #ပတ်သတ် #ဆန်စက်တစ်လုံးကိုချိပ်ပိတ် #ကြံ့ခိုင်ရေးပါတီ၀င် #စပါးများလည်းပါ၀င် #Ayeyarwaddy_Times