ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂ ရက်

ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ခေါင်းဆောင် ပီတလင်ဂျာရိုရတ်က ဝန်ကြီး ချုပ်အဖြစ် ရွေးချယ်ခံရာမှာ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ အလုံအလောက်မရပါက Pheu Thai ပါ တီကို အစိုးရသစ်ဖွဲ့ရာမှာ ဉီးဆောင်ခွင့်ပြုမယ်လို့ Pheu Thai ပါတီ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိ ရပါတယ်။

အပြန်အလှန်အားဖြင့် Pheu Thai ပါတီက MFP ကို အောက်လွှတ်တော်ဥက္ကဌ ရာထူးနေရာပေးမယ်လို့ သိရပါတယ်။ ထိုင်းအောက်လွှတ်တော်ဟာ ဇူလိုင်လ ၄ ရက်မှာ ဉက္ကဌနဲ့ ဒုတိယဥက္ကဌနှစ်ဉီး ရွေးချယ်သွားမယ်လို့ အဆိုပါသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်လ ၂၉ ရက်ညနေပိုင်းက Pheu Thai ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ ပါတီနှစ်ခုမှ အဓိကခေါင်းဆောင်တွေ ကြား ဆွေးနွေးပွဲမှာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးတက်ရောက်သူတွေထဲမှာ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ပေတန် တန်ရှင်နာဝပ်ထရာနဲ့ ဆရက်သာသာဗီဆင်၊ MFP ဒုတိယခေါင်းဆောင် ဆီရီကန်ညာတန်ဆာခွန်တို့ ပါဝင်ခဲ့ပါ တယ်။

သဘောတူညီချက်အရ Pheu Thai ပါတီက အောက်လွှတ်တော်ဥက္ကဌနေရာအတွက် MFP နဲ့ မယှဉ်ပြိုင် တော့ဘဲ ဒုတိယဥက္ကဌရာထူးနှစ်နေရာသာ ရယူတော့မယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Pheu Thai ပါတီက MFP ခေါင်းဆောင် ပီတရဲ့ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းမှုကို ထောက်ခံမှာဖြစ်ပေ မယ့် အထက်လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ ထောက်ခံမဲမရရင် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းမယ်လို့ သိရပါတယ်။

“MFP ရဲ့ ဝန်ကြီးချုပ်ရာထူးနဲ့ အောက်လွှတ်တော်ဥက္ကဌ ရာထူးနှစ်နေရာရယူဖို့ အစီအစဉ်ကို အရင်က Pheu Thai ပါတီ လွှတ်တော်အမတ်တွေ ကန့်ကွက်ခဲ့ပါတယ်” လို့ အဆိုပါသတင်းရင်းမြစ်တွေက ဆိုပါတယ်။

MFP ခေါင်းဆောင် ပီတက အထက်လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ထောက်ခံမဲမရရင် သူ့ကို ထောက်ခံသူတွေ လမ်းပေါ်ထွက် ဆန္ဒပြလာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ သတင်းရင်းမြစ်တွေက ပြော ပါတယ်။

Pheu Thai ပါတီနဲ့ ဆွေးနွေးမှုတွေက တိုးတက်မှုရှိခဲ့တယ်လို့ ပီတက ပြောပါတယ်။ “ကျွန်တော် ထိုင်းနိုင် ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ယုံကြည်ပါတယ်” လို့ ပီတက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Pheu Thai ‘may claim PM roke’

#Ayeyarwaddy_Times