ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဇူလိုင် ၃ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဆိုင်ကယ်စီးနင်းလာသော ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်နေ့ နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
ကန်ပက်လက်မြို့၊ မြို့မသင်္ချိုင်းတွင် ကင်းပုန်းဝပ်ထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူသည် ၎င်းစီးနင်းခဲ့သော ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရသည်။
“စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတာကို ဖြတ်သွားမိတာပါ။ ခြေဖမိုးမှာ ကျည်ထိမှန်ပြီး ခြေချောင်းတစ်ချောင်းပြတ်ထွက်သွားပါတယ်။ အပစ်ခံရပြီးနောက် ဆိုင်ကယ်နဲ့ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်´´ ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာဖြင့် လွတ်မြောက်လာခဲ့သော ဒေသခံအမျိုးသားကို ဘေးကင်းသည့်နေရာတွင် ဆေးကုသခံယူလျက်ရှိကြောင်းဆွေမျိုများထံမှ သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နှင့် ၃၀ ရက်နေ့က လည်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ကန်ပက်လက်မြို့
#ချင်းပြည်နယ် #ကန်ပက်လက်မြိို့ #စစ်ကောင်စီ #ဒေသခံအမျိုးသား #သေနတ်ဖြင့်ပစ်ခတ်ခံရ #ဒဏ်ရာပြင်းထန်စွာရရှိ