ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြမြို့ဆေးရုံတွင် ဇူလိူင်လ ၁ ရက်နေ့ ညပိုင်းအချိန်တွင် ဆေးကုသမှုခံယူနေဆဲ ကိုဗစ်လူနာ တစ် ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။
သေဆုံးပြီးမိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီညွှန်ကြားချက်နဲ့ ဆေးရုံကနေ အလောင်းကို ပရဟိတအဖွဲ့ကိုခေါ်ပြီး လူမသိအောင် သဂြိုလ်ခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကိုဗစ်နဲ့သေဆုံးတာပထမဆုံးပဲ။ ကိုဗစ်ကအရင်လောက်အသေအပျောက်မများပေမယ့်ရောဂါအခံရှိရင်တော့ မလွယ်ဘူးမြို့မှာတစ်ချို့ကလဲ mask တွေမတပ်ကြတော့ဘူး”ဟု မြောင်းမြမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်သို့ပြောသည်။
သေဆုံးသူသွားသူသည် ကိုဗစ်ကူးစက်ခံရသောကြောင့် ဆေးရုံတွင် ကုသမှုခံယူနေချိန်မှာ သေဆုံးခဲ့သဖြင့် သဂြိုလ်ပေးခဲ့ရခြင်းဖြစ်ပြီးလူနာနဲ့ပါတ်သတ်သောအချက်အလက်များအား မသိရှိကြောင်းလူမူကူညီရေးအဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းတွင် မေလ ၃ ရက်နေ့ကဟင်္သာတမြို့တွင် ကိုဗစ်လူနာတစ်ဦးသေဆုံးခဲ့ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ချက်တွင် ဖော်ပြထားသော်လည်း မြောင်းမြတွင် လူနာတစ်ဦးသေဆုံးခြင်းအကြောင်းအရာကိုထုတ်ပြန်ပေးခြင်းမရှိသေးကြောင်းသိရသည်။
#မြောင်းမြမြို့ #ကိုဗစ်ရောဂါ #လူနာသေဆုံး #စစ်ကောင်စီတပ် #ပရဟိတအဖွဲ့နာရေးလုပ်ပေးရ #Ayeyarwaddy_Times