ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

ကမ္ဘောဒီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို ပြန်လည်သုံးသပ်ဖို့ ဖွဲ့စည်းပေးထားတဲ့ ကောင်စီ တစ်ခုက ဝန်ကြီးချုပ် ဟွန်ဆမ်မှ သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးရေး လွယ်ကူစေဖို့ အတည်ပြု လိုက်ပါတယ်။

တိုင်းပြည်ရဲ့ဘုရင်က သတ်မှတ်တဲ့ ဝန်ကြီးချုပ်တစ်ဦးကိုသာ အမျိုးသားလွှတ်တော်က အတည်ပြုရမယ် လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၉ မှာ ကမ္ဘောဒီးယားခေါင်းဆောင် ရွေးချယ်မှုလုပ်ငန်းစဉ်ကို ဖော်ပြထားပါ တယ်။
လွှတ်တော်နာယကရဲ့ အတည်ပြုမှုရရှိမှသာ ဘုရင်က ဝန်ကြီးချုပ် ခန့်အပ်ဖို့ ကမ္ဘောဒီးယား ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင်ရာကောင်စီက အတည်ပြုတဲ့ ပုဒ်မ ၁၁၉ က ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားအစိုးရက ထို ပုဒ်မပြင်ဆင်မှုကို ယခင်ကတည်းက အတည်ပြုထားပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ဟွန်ဆမ်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (စီပီပီ) က ကိုယ်စားလှယ်အ များစုနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်က ထိုပုဒ်မပြင်ဆင်ချက်တွေကို အတည်ပြုရအုံးမှာဖြစ်ပါတယ်။
“ပုဒ်မ ၁၁၉ ပြင်ဆင်ချက်ကြောင့် အမျိုးသားလွှတ်တော်က လုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးသွားတယ်” လို့ အတိုက်အခံပါတီငယ် GDP တည်ထောင်သူ ဆိုင်ကိုမာက ပြောပါတယ်။ ကမ္ဘောဒီးယားပြည်သူတွေက ပုဒ်မပြင် ဆင်ချက်တွေကို မဲဆန္ဒပြုဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကြောင့် ၁၉၈၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ ကမ္ဘောဒီးယားနိုင်ငံကို အုပ် ချုပ်နေတဲ့ ဟွန်ဆမ်းရဲ့နေရာကို ဟွန်မာနက်က ဆက်ခံဖို့ သေချာစေတယ်လို့ ၄င်းက ပြောပါတယ်။ “ဒါဟာ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲပြောင်းပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုကြောင့် ဟွန်ဆမ့်မိသားစုဝင်တွေကလွဲပြီး မည်သူမျှ ဝန်ကြီးချုပ် ဖြစ်နိုင် တော့မှာမဟုတ်ဖူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကင်ဆော့ခ်က ပြောပါတယ်။

ကိုးကား – RFA
Ref; Plan to ease transfer of power from Prime Minister Hun Sen to son advances