ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

Prachachat ပါတီခေါင်းဆောင် ဝမ်မူဟမ်မက်နော်မာသာကို အောက်လွှတ်တော်ဥက္ကဌ နေရာပေးပြီး ဒုတိယဥက္ကဌနှစ်နေရာယူဖို့ Move Forward Party (MFP) နဲ့ Pheu Thai ပါတီတို့က သဘောတူလိုက်ပြီလို့ သိရပါ တယ်။

ဒီကနေ့ ဝမ်မူဟမ်မက်နော်မာသာကို အောက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ဖို့ ပါတီနှစ်ခုစလုံးက သဘောတူခဲ့တယ်လို့ MFP ခေါင်းဆောင် ပီတလင်ဂျာရိုရတ်က ဇူလိုင်လ ၃ ရက်ညပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ညွန့်ပေါင်းအဖွဲ့မှာပါတဲ့ အခြားပါတီခြောက်ခုက ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တယ်လို့ သူက ဆိုပါတယ်။ “ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပါတီရှစ်ခုကြား စည်းလုံးညီညွတ်ဖို့ဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့က ကျွန်တော့်ကို ဝန်ကြီး ချုပ်အဖြစ် အဆိုပြုဖို့ အစွမ်းကုန်ကြိုးပမ်းပါလိမ့်မယ်” လို့ ပီတက ပြောပါတယ်။

ညွန့်ပေါင်းအဖွဲ့က လွှတ်တော်အစည်းအဝေးမှာ တစ်ဉီးတည်းသော ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအ ဖြစ် သူ့ကို အဆိုပြုလိမ့်မယ် လို့ ပီတက ဆိုပါတယ်။

MFP နဲ့ Pheu Thai ပါတီတွေက နိုင်ငံရေးယူဆချက်တွေ ထုတ်ဖော်ပြောမှုကြောင့် တရားစွဲဆိုခံရသူတွေ ကို သက်ညှာခွင့်ပေးပြီး လက်နက်ကိုင်တပ်ဖွဲ့နဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြင်ဆင်မယ်လို့ သူက ပြောပါတယ်။

MFP က ဝန်ကြီးချုပ်ရာထူး ရယူဖို့ဖြစ်တာကြောင့် အောက်လွှတ်တော်ဥက္ကဌနေရာကို Pheu Thai ပါတီ က ရယူမယ်လို့ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ MFP နဲ့ Pheu Thai ပါတီတွေက အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာ ၁၄ နေရာစီ ရယူမယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်ကပြုလုပ်တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ MFP က အမတ်နေရာ ၁၅၁ နေရာ အနိုင်ရ ရှိခဲ့ပြီး Pheu Thai ပါတီက ၁၄၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Move Forward, Pheu Thai clinch House speaker compromise

#Ayeyarwaddy_Times