နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ၊ မြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ကို ယင်းမာပင်ခရိုင်း ဓာမဆိုင်းတပ်ရင်းနှင့် စူပါဖိုက်တာတော်လှန်ရေးတပ်ဖွဲ့တို့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံကသိရသည်။

အဆိုပါ ရဲ့စခန်းကို ယမန်နေ့ ဇူလိုင် ၃ ရက်နေ့ ညနေ ၄ နာရီခန့်က သွားရောက် တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။

“ FIX Wins ဗုံးသီး နှစ်လုံး ပစ်ချပြီး တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းတွင် ရေကြောင်း ၊ လေကြောင်း၊ ကြည်းကြောင်း အင်အားအလုံးရင်းနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေ၍ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အဝေးပစ် ဒရုန်းများကို တီထွင်စမ်းသပ်၍ ပြန်လည် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ- ဓားမဆိုင်းတပ်ရင်း
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့မရဲစခန်း #စစ်ကောင်စီတပ် #ဓားမဆိုင်းတပ်ရင်း #ဒရုန်းတိုက်ခိုက် #Ayeyarwaddy_Times