ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၄ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ပျူစောထီး ကျေးရွာများမှ ရွာသားများကို ဖိအားပေး၍ ဖွဲ့စည်း ထားသည့် ပြည်သူ့စစ်အဖွဲ့၀င်များကို စစ်ကောင်စီတပ်နှင့် ဦးဝါသ၀ဆိုသူတို့မှ ဦးစီး၍ သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပျူစောထီးများကို ပြည်သူ့စစ်ဖွဲ့စည်းစေပြီး စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ များအနေဖြင့် PDF များကို ရွံရှာမုန်းတီး၍ ပြည်သူ့စစ် တပ်ဖွဲ့များသို့ ၀င်ရောက်လာကြောင်း စစ်တပ်လော်ဘီ ချန်နယ်များတွင် ဝါဒဖြန့်လျက်ရှိပြီး မြေပြင်အခြေ အနေတွင် ပျူစောထီးရွာများဟု သတ်မှတ်ခံထားရသည့် ရွာသားများအနေဖြင့် ယင်းအဖွဲ့များထံမှ ထွက်ပြေးချင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ခုက ပျုရွာတွေက ယောက်ျားသားတွေကို အတင်း ပြည်သူ့စစ်ထဲ၀င်ခိုင်းတာ။ ပြီးရင် ဘာကာကွယ်မှုမှ မပေးဘူး။ ရွာကပျူရွာလို့သတ်မှတ်ခံရပြီး ဘာမှမလုပ် ပေးတော့ အပြင်ထွက်ဖို့လည်း ကြောက်ကြရတာ။ အဖွဲ့ထဲကထွက်ရင်လည်း သတ်ခံရမှာ။ မထွက်ဘဲ သူ တို့ခိုင်းတာလုပ်တော့လည်း အသတ်ခံရတာ။ ခုတောင် ထွက်ပြေးချင်နေတာ။ ကိုယ့်သဘောနဲ့ကိုယ် ပြည်သူ့ စစ်ထဲ၀င်တယ်ဆိုတာ မဟုတ်ပါဘူး”ဟု စစ်ကိုင်းတိုင်း အတွင်းရှိ ပျူစောထီးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်တပ်အားပေး ထောက်ခံသူတစ်ဦးဖြစ်သည့် ဘုန်းကြီးဦးဝါသ၀ဆို သူမှ ဦးစီးဦးဆောင်ပြုကာ ပျူရွာများရှိ ရွာသားများကို လက်နက်များ တပ်ဆင်ပေးပြီး သင်တန်းများ ပို့ချလျက် ရှိကြောင်း သိရသည်။
“ခုလက်ရှိ ပျူတွေက ထွက်ပြေးချင်နေကြတာ။ အတင်း ပြည်သူ့စစ်ဆိုပြီး လုပ်ခိုင်းထားတာ။ သေရင် ရှေ့ဆုံးက သေကြရတော့ မလုပ်ချင်ကြဘူး။ ခုလိုကိုယ့်သဘောနဲ့ကိုယ် ၀င်ဖို့အဝေးကြီး၊ ရွာတွေထဲလိုက်ပြီး လူတွေခေါ်တာ။ ထွက်လည်းမပြေးရဲတော့ ဒုက္ခများနေကြတာ”ဟု စစ်ကိုင်း တိုင်း၊ ကန့်ဘလူ ဒေသတော်လှန်ရေး တပ်ဖွဲ့ခေါင်း ဆောင် တစ်ဦးက ပြောသည်။
ထို့အပြင် ပြည်သူ့စစ်တပ်ဖွဲ့၀င်များကို အထူးကွန်မန်ဒို သင်တန်းများပို့ချသင်ကြားပေးလျက် ရှိပြီး ဒေသအတွင်းလုံခြုံရေးနှင့် အကြမ်းဖက်တိုက် ဖျက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း စစ်တပ်ထောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဝါသ၀မှ ပြောကြားထားသည်ဟု သိရသည်။
ဓာတ်ပုံ – ကန့်ဘလူခရိုင်မှ ဦးဝါသ၀ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့၀င်များပုံ
#စစ်ကိုင်း #ကန့်ဘလူ #ပြည်သူ့စစ် #ဦးဝါသ၀
#Ayeyarwaddy_Times