နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
ဧရာဝတီတိုင်း မအူပင်မြို့ ရှေ့ဘက်ကမ်းဘီးခွန်ဂိတ်အနီးရှိ စစ်ကောင်စီ တပ်စခန်းချထားရာဂိတ်တွင် ယနေ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ်နှင့် ဗိုလ်ကြီးတစ်ဦးတို့ အချင်းချင်းစကားများရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ရာနေရာတွင်ပင် နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ လုံခြုံရေးကျနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူကို ဒုအရာခံဗိုလ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး နောက် ၄င်းကိုယ်တိုင်လည်း သေနတ်ဖြင့်ပြန်ပစ်ကာ အဆုံးစီရင်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးထံ က သိရသည်။
“ အဝေမတည့်တာဖြစ်မှာပေါ့။ အစေားကြီးရှိသေးတယ် အဲဒီဂိတ်က ငွေအရမ်းအတောင်းကြမ်းတာ ပြီးခဲတဲ့လက လုံခြုံရေးရုပ်ထားတဲ့ဂိတ် ဒီရက်ပိုင်းမှာမှ ပြန်ပြီးဂိတ်ဖွင့်တာ စစ်ကောင်စီလူကြီးတွေအတွက် အဓိက ဝင်ငွေကောင်းနေတဲ့ဂိတ်ပါ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အချင်းချင်းပစ်ခတ်မှုအပြီးတွင် မအူပင်မြို့အတွက် တာဝန်ယူထားသည့် စစ်ကောင်စီတပ်မှ စစ်ဦးစီမှူး (ပထမတန်း) G-1 အဆင့်ရှိ ဒုတိယဗိုလ်မှူးကြီးနိုင်လွင် လာရောက်စစ်ဆေးနေကြောင်း သိရသည်။
ဓာတ်ပုံ-ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#မအူပင်မြို့ဝင်တံတားဂိတ် #စစ်ကောင်စီတပ်အရာရှိ #ပစ်ခတ်မှုဖြစ်ပွား #၂ ဦးလုံးသေ #Ayeyarwaddy_Times